Home အနုပညာ ဇာတ်ကားရိုက်ကူးဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်တဲ့ Mark Prin နဲ့ Mew Nittha

ဇာတ်ကားရိုက်ကူးဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်တဲ့ Mark Prin နဲ့ Mew Nittha

632
0

မြန်မာပရိသတ်တွေနဲ့ မစိမ်းလှတဲ့ နာမည်ကျော် ထိုင်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ Mark Prin နဲ့ Mew Nittha တို့ဟာ ထိုင်းနိုင်ငံမှာသာမက မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံအတော်များများမှာပါ လူကြိုက်များအောင်မြင်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတွေ၊ ဇာတ်ကားတွေဟာဆိုရင် ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့အပြင် သူတို့တွေကိုယ်တိုင်ကလည်း ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားသူတွေဖြစ်တာမို့လို့ ပရိသတ်ပေါင်းများစွာကို ရရှိထားတာ သိပ်တော့ဆန်းမယ်မထင်ပါဘူး။

ဒီလိုမျိုး အောင်မြင်မှုတွေရရှိထားတဲ့ သူတို့ ၂ ယောက်ကို အခုဆိုရင် မြန်မာနိုင်ငံက ပရိသတ်တွေအနေနဲ့ တွေ့ဆုံနိုင်မယ့်အခွင့်အရေးကတော့ ရောက်ရှိလာပါပြီ။ ဟုတ်ပါတယ်။ Mark နဲ့ Mew တို့ဟာ ဇာတ်ကားရိုက်ကူးဖို့အတွက် အခုလက်ရှိမှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကို ရောက်ရှိနေပြီဖြစ်ပြီး ရိုက်ကူးရေးကိုတော့ ရန်ကုန်၊ အင်းလေးနဲ့ ပုဂံမှာ ပြုလုပ်မယ်လို့ သိရပါတယ်

(၆) ရက်တာ ကြာမြင့်မယ့် ဒီရိုက်ကူးရေးခရီးစဉ်ဟာ Mark နဲ့ Mew တို့ကို တွေ့ဆုံချင်ကြတဲ့ ပရိသတ်တွေအတွက်ကတော့ တကယ်ကို ရတောင့်ရခဲအခွင့်အရေးပါပဲ။ ရိုက်ကူးမယ့်ဇာတ်ကားနာမည်ကတော့ My Husband In Law ( “Ok Keub Hak Ab Ruk Khun Samee”) ဖြစ်ပြီး Channel 3 ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

ရိုက်ကူးရေးအတွက် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းအနုပညာရှင်တွေထဲမှာ Mark နဲ့ Mew တို့ ၂ ယောက်သာမက နာမည်ကျော် သရုပ်ဆောင်နဲ့ အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ Anne Thongprasom ကလည်း ထိုဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လိုက်ပါလာတယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲဟာ ရိုက်ကူးနေဆဲအချိန်ကတည်းက နာမည်ကြီးနေတာမို့လို့ ထုတ်လွှင့်ပြသတဲ့အခါကျရင်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်တစားနဲ့ အားပေးမှုကို ရရှိဦးမှာ ဧကန်မုချပါပဲ။ နာမည်ကြီးလာဦးမယ့် ထိုင်းဇာတ်လမ်းတွဲထဲမှာ မြန်မာနိုင်ငံရဲ့ ဘယ်လိုမျိုးအလှအပတွေပါဝင်ဦးမလဲဆိုတာကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်စရာပါပဲ။

ရန်ကုန်ကိုသာမက ပုဂံနဲ့ အင်းလေးဆီကို သွားရောက်ကြမယ့် Mark နဲ့ Mew တို့ကို အပြင်မှာ တွေ့ဆုံဖို့အတွက် ဘယ်သူတွေများ စိုင်းပြင်းထားကြပြီလဲဗျို့။

Ref : Thong Entertainment Co.,ltd
Zue Zue (Momolay