Home အနုပညာ မင်္ဂလာပွဲမှာ အရံတွေပါတာမကြိုက်လို့ အရံမထားဘူးဆိုတဲ့ သူထူးစံ

မင်္ဂလာပွဲမှာ အရံတွေပါတာမကြိုက်လို့ အရံမထားဘူးဆိုတဲ့ သူထူးစံ

690
0

တစ်ချိန်က ဖိုက်တင်းမင်းသားလို့ နာမည်ကြီးခဲ့တဲ့မင်းသားချော သူထူးစံကတော့ လက်ရှိမှာ ချစ်ပရိသတ် တွေဝေးကွာနေခဲ့တာ ကြာပါပြီ။အနုပညာလုပ်ငန်းတွေ သိပ်မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေ ရင်ထဲမှာ တော့ အမြဲအမှတ်ရနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ဘဝခရီးကို တစ်ကိုယ်တည်း လူပျိုကြီး ဘဝနဲ့ ဖြတ်သန်း နေတဲ့ သူကတော့ ဒီ၂၀၁၈ ခုနှစ်ထဲမှာ အိမ်ထောင်ပြုတော့မယ် အကြောင်းပရိသတ်တွေ အသိပေးလာခဲ့ပါ တယ်။

မင်္ဂလာပွဲမှာ အရံတွေပါတာမကြိုက်လို့ အရံမထားဘူးဆိုတဲ့ သူထူးစံ 1မင်္ဂလာပွဲမှာ အရံတွေပါတာမကြိုက်လို့ အရံမထားဘူးဆိုတဲ့ သူထူးစံ 2မင်္ဂလာပွဲမှာ အရံတွေပါတာမကြိုက်လို့ အရံမထားဘူးဆိုတဲ့ သူထူးစံ 3မင်္ဂလာပွဲမှာ အရံတွေပါတာမကြိုက်လို့ အရံမထားဘူးဆိုတဲ့ သူထူးစံ 4လတ်တလောမှာတော့ဖိတ်စာတွေထွက်ရှိလာပြီဖြစ်ပြီး နိုဗိုတယ်မှာ မင်္ဂလာဧည့်ခံပွဲပြုလုပ်သွားမယ်လို့သိရပါတယ် ။ မင်္ဂလာပွဲကတော့ ရတနာပုံခေတ် ကပုံစံအတိုင်း ဆောင်မယ်လို့သိရပြီး သတို့သားသတို့သမီးအရံတွေလည်း မပါဝင်ပါဘူးတဲ့ ။ အရံမထည့်ရတဲ့အကြောင်းကတော့ ညီတွေ ညီမတွေကို ကျွန်တော့နောက်က မလျှောက်စေချင်လို့ပါလို့ သူထူးစံကပြောပြခဲ့ပါတယ် ။ မင်္ဂလာပန်းကျဲမှာကတော့ ယွန်းယွန်းဖြစ်ပြီး လက်စွပ်ဗန်းကိုင်နဲ့ ပန်းကုံးကိုင်ဖို့ကတော့ မေမြင့်မိုရ်နဲ့ ၀င့်ယမုံလှိုင် ပါဝင်မှာဖြစ်တယ်လို့သိရပါတယ် ။ အစီစဉ်တင်ဆက်သူအနေနဲ့ ဟိန်းဝေယံကလည်း ပါဝင်ကူညီသွားမယ်လို့ ဆိုပါတယ် ။