Home အနုပညာ အိန္ဒြာ​ကျော်​ဇင်​ရဲ့ အနုပညာမှတ်​တိုင်​တစ်​ခု ဖြစ်​လာဦးမယ့်​ “ကျွန်မ အချစ်ဆုံးယောကျာ်းသုံးယောက်” ရုပ်​ရှင်​ဇာတ်​ကားကြီး

အိန္ဒြာ​ကျော်​ဇင်​ရဲ့ အနုပညာမှတ်​တိုင်​တစ်​ခု ဖြစ်​လာဦးမယ့်​ “ကျွန်မ အချစ်ဆုံးယောကျာ်းသုံးယောက်” ရုပ်​ရှင်​ဇာတ်​ကားကြီး

681
0

နှစ်ပေါင်းများစွာတိုင်အောင် မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ဦးနေရာကနေ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ မဟာဆန်တဲ့ ကျက်သရေရှိတဲ့ အလှကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ သရုပ်​​ဆောင်​ပိုင်းမှာလည်း ထူးချွန်​တဲ့ သူမ​က​တော့ ရုပ်​ရှင်​တစ်​ကားဆိုတစ်​ကား ​အောင်​မြင်​မှု​တွေရ​အောင်​ အပီပြင်​ဆုံး သရုပ်​​ဆောင်​နိုင်​သူတစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ အိန္ဒြာ​ကျော်​ဇင်​ အဓိကပါဝင်​သရုပ်​​ဆောင်​ထားတဲ့ “ကျွန်မ အချစ်ဆုံးယောကျာ်းသုံးယောက်”ဇာတ်ကားကြီးထဲက အူဝဲရဲ့အမိုက်​စား သရုပ်​​ဆောင်​ချက်​​တွေက လူမှုကွန်​ယက်​မှာ နာမည်​ကြီး​နေတာပဲ ဖြစ်​ပါတယ်​။

ပရိသတ်​​တွေ​အတွက်​ “ကျွန်မ အချစ်ဆုံးယောကျာ်းသုံးယောက်”ဇာတ်ကားကြီးထဲက အူဝဲရဲ့သရုပ်​​ဆောင်​ချက်​​တစ်​ချို့ကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ဒါရိုက်​တာ ​မောင်​မျိုးမင်း (ရင်​တွင်းဖြစ်​) ပုံ​ဖော်​ရိုက်​ကူးထားတဲ့ “ကျွန်မ အချစ်ဆုံးယောကျာ်းသုံးယောက်” ရုပ်​ရှင်
ဇာတ်ကားကြီးထဲမှာ​တော့ ရန်​​အောင်​၊ ​ပြေတီဦး၊ မင်းဦး၊ မင်းဘုန်းမြတ်​၊ မို့မို့မြင့်​​အောင်​၊ အိန္ဒြာ​ကျော်​ဇင်​၊ နန်းစန္ဒာလှထွန်းနဲ့ အမ်​မလီဘိုတို့က အဓိကပါဝင်​သရုပ်​​ဆောင်​ထားတာပဲ ဖြစ်​ပါတယ်​။

“ကျွန်မ အချစ်ဆုံးယောကျာ်းသုံးယောက်”ဇာတ်ကားကြီးထဲက အူဝဲရဲ့ဇတ်​ဝင်​ခန်းတစ်​ခု

“ကျွန်မ အချစ်ဆုံးယောကျာ်းသုံးယောက်” ရုပ်ရှင်ဇာတ်ကားကြီးကို​တော့ လာမယ့်​ မတ်​လ ၁၅ ရက်​​နေ့မှာ ရုံတင်​ပြသသွားမယ်​လို့သိရပါတယ်​။ မိုမို​လေး