Home အနုပညာ Tomboy နဲ့ရည်းစားဖြစ်ရတာကြိုက်တဲ့ Tik Tok Queen မေနန္ဒ

Tomboy နဲ့ရည်းစားဖြစ်ရတာကြိုက်တဲ့ Tik Tok Queen မေနန္ဒ

342
0

Tik Tok ကနေစပြီး အခုဆိုရင်ကြော်ငြာတွေတောင်ရိုက်နေပြီဖြစ်တဲ့ ချစ်စရာကောင်းတဲ့မေနန္ဒကတော့ သူရဲ့အချစ်ရေးနေပတ်သတ်ပြီး Cele 7 နဲ့အင်တာဗျူးမှာပြောပြထားတာတွေရှိပါတယ်။ သူပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေကိုပြောပြလိုက်ပါတယ်နော်။

Relationship ကျတော့အဆင်ပြေပါတယ်။ပြီးတော့ညီမရဲ့ချစ်သူကကျတော့မိန်းကလေးဆိုတော့ ထွေထွေထူးထူးတော့ဘာမှမရှိပါဘူး။နားလည်ပေးတယ် သူလည်းသူ့အလုပ်နဲ့သူ ကိုယ်လည်းကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဘာမှထွေထွေထူးထူးတော့မရှိပါဘူး။ဝေဖန်သံတွေတော့ရှိတာပေါ့ အများကြီး ဝေဖန်ကြတယ်။ ဒါပေမယ့်လည်းအချစ်ကချစ်နေဖို့ပဲလိုတယ်လေဟုတ်တယ်မလား။ဘယ်လောက်ပဲဝေဖန်ဝေဖန်ပေါ့ ကိုယ်ကသူကိုချစ်နေ၊ သူကကိုယ့်ကိုချစ်နေဖို့ပဲလိုတယ် ။လူတွေကတော့ ဝေဖန်ကြမှာပဲ ။ ဘာလုပ်လုပ် ယောက်ျားလေးနဲ့မိန်းကလေး ချစ်နေကြလည်း ဝေဖန်ကြမှာပဲ ၊ မိန်းကလေးချစ်ရင်လည်းဝေဖန်ကြမှာပဲ။ ဝေဖန်တာကိုတော့သိပ်ပြီးနားထဲမထည့်ဘူး သွားတယ်လာတယ် ချစ်တယ် အဲ့ဒီလောက်ပါပဲ။ နားလည်ပေးတယ် အရမ်းတော့နားလည်ပေးတယ် ဘာဆိုဘာမှသိပ်ပြောတာမရှိဘူးပေါ့နော် ကိုယ်ဘာလုပ်လုပ် ဘာလုပ်နေလဲ ၊ဘယ်သူနဲ့သွားမှာလဲ၊ ဘယ်အချိန်ပြန်လာမှာလဲ ဘယ်တော့မှမမေးဘူး အရမ်းယုံတယ်။ ကိုယ်ကလည်းသူ့ကလည်းကိုယ့်ကိုအရမ်းယုံတော့ ဒီဟာသွားမယ် အေးဟုတ်ပြီဟုတ်ပြီ ပြန်ရောက်ရင်ဖုန်းဆက်လိုက် ဒီလောက်ပဲ ရှိတယ်။အရမ်းနားလည်ပေးတဲ့ချစ်သူကိုပိုင်ဆိုင်ထားလို့ အရမ်းလည်းဝမ်းသာပါတယ်(ရယ်လျက်)

အစ်မကတော့ Tomboyနဲ့ရည်းစားဖြစ်ရတာပိုပြီးတော့သဘောကျတယ်။အရမ်းတော့ဝေဖန်ခံရတာပေါ့နော်အရင်တုန်းကဆိုရင် မိဘတွေကအစသဘောမကျဘူး ခုနောက်ပိုင်းကျတော့ ကိုယ်လည်းကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဘာမှသိမပြောတော့ဘူး။ ညီမချစ်သူကမိန်းကလေးတော့မဟုတ်ဘူးပေါ့ Tomboy ပါအမှန်တော့မိန်းကလေးပါပဲ။ သူကိုချစ်တယ် ။ သူရဲ့ဖြစ်တည်မှုကိုနားလည်ပေးတယ်။

သူလည်းကိုယ့်ဖြစ်တည်မှုကိုနားလည်ပေးတယ် ယောက်ျားလေးတွေကို မချစ်ဘူးတော့ မဟုတ်ပါဘူး၊ မချစ်တတ်တာပေါ့နော် သူငယ်ချင်းတွေတော့ရှိပါတယ်အများကြီး ။ ပြောပါတယ် သူငယ်ချင်းတွေက ယောက်ျားမယူတော့ဘူးလားတဲ့။နေပါ့ဦးလို့ယူမယ်နောက်ကျရင်ယူမယ်လို့။ အခုတော့မယူသေးပါဘူး အသက်ကြီးမှယူတော့မယ်။ညီမကကျတော့ LGBTပွဲတွေနဲ့ပတ်သတ်ပြီးတော့သွားတယ် ၊ သွားကူပေးတယ်ကိုယ်တိုင်ကလည်းလိင်တူခြင်းကို သဘောကျတယ်ဆိုတော့ကျတယ်ဆိုတော့ ဝေဖန်ကြမှာပဲ။ တချို့ကတော့နားလည်ပေးပါတယ်ဘာနေနေအချစ်ပေါ့နော်။ ဒါလည်း သူတို့အချစ်ပေါ့နော် ဆိုပြီးပြောပြသွားခဲ့ပါတယ်။ Credit – Namalgyi