Home အနုပညာ စိတ်ဆိုးရင် ပြန်မချော့တတ်တဲ့ ချစ်သူအကြောင်း ပြောလာတဲ့ သန္တာဗိုလ်

စိတ်ဆိုးရင် ပြန်မချော့တတ်တဲ့ ချစ်သူအကြောင်း ပြောလာတဲ့ သန္တာဗိုလ်

382
0

ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ စုံတွဲက ရှေ့သွားနောက်လိုက် ညီသလို အင်တာဗျူးတွေ ဖြေပုံကအစ ပရိသတ်တွေက သဘောကျကြပါတယ်။ Ro မဆန်တဲ့ ချစ်သူ ကောင်းပြည့် အကြောင်း အားရပါးရ ပြောတတ်တဲ့ သန္တာဗိုလ်က ချစ်သူကိုလည်း တအား သဝန်တိုပါတယ်။ ချစ်သူသက်တမ်း ကြာရှည် ခိုင်မြဲလာတဲ့ သူတို့နှစ်ဦးက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ချစ်သူ ကောင်းပြည့်နဲ့ ပတ်သက်လို့ သန္တာဗိုလ်က အင်တာဗျူးမှာ ခုလို ဖြေကြားသွားပါတယ်။“တစ်ယောက်တည်း ပွဲတက်ရင် sexy ဆန်ဆန်ပေါ့။ သူနဲ့ကျတော့ လုံလုံခြုံခြုံပေါ့။ အရင်တုန်းက အတိုဝတ်တာကအစ မရဘူး။ ပွစိပွစိ အရမ်းပြောတယ်။ နောက်ပိုင်းကျတော့ ညီမ မော်ဒယ် လုပ်ရတဲ့ အခါကျတော့ နားလည်မှု ပေးလာတယ်။ သူက နားလည်အောင် ပြောပြတယ်။ ဒီလို ဒီလို မဝတ်ရဘူး။ သူများအမြင်မှာ ဘယ်လို ဖြစ်တယ်ဆိုပြီး ပြောပြတယ်။ ညီမက အရမ်း ဟော့ဟော့ရမ်းရမ်းကြီး ဝတ်နေတာလည်း မဟုတ်ဘူး။ မော်ဒယ် လုပ်နေတာဆိုတော့ ကြည့်ကောင်းရုံ ဝတ်တယ်။ မော်ဒယ်ပဲဟာကို ဝတ်မှာပေါ့လို့ ပြောတော့ သူက နားလည်ပါတယ်။” လို့ ဆိုပါတယ်။

တခြားကောင်မလေးတွေနဲ့ သဝန်တိုကြောင်းကိုလည်း သန္တာဗိုလ်က ခုလို ပြောပြပါတယ်။

“တခြားကောင်မလေးတွေနဲ့ သဝန်တိုတာ ပေါ့။ အကြီးကြီး တိုတာ။ ကောင်မလေး ချောချောတွေကို ကြည့်မိလို့ စိတ်ကောက်တဲ့အခါမျိုးမှာ သူက ဘာပြောလဲဆိုတော့ ဒီလိုပဲ မျက်လုံးက ရောက်သွားတာ။ သူ့စိတ်သူ သိတယ်ပေါ့။ ဘာမှ တဏှာစိတ် မပါဘူးပေါ့။ ယုံချင်ယုံ မယုံချင်နေဆိုပြီး သူမှန်တယ်တဲ့ ။ ညီမကို ပြန်တောင် မချော့ဘူး။” ဆိုပြီး ပြောပြသွားပါတယ်။

ကောင်းပြည့်လို ချစ်သူမျိုး ရတဲ့အပေါ် သန္တာဗိုလ်က ခုလို ပြောသွားပါတယ်။

“ဒီလိုမျိုး ချစ်သူရတာ ကောင်းလည်းကောင်းတယ်။ မကောင်းလည်း မကောင်းဘူးပေါ့နော်။ ညှိယူတဲ့အခါကျတော့ နောက်ပိုင်းမှာ အဆင်ပြေသွားပါတယ်။ ဒါပေမဲ့ ဒီလို ချစ်သူမျိုးရတာ ကိုယ့်အပေါ် ချစ်ပေးတဲ့အတွက် ဂုဏ်ယူပါတယ်။” လို့ ဆိုပါတယ်။

Source : nanmalgyi