Home အနုပညာ “ကြာသပတေးနေ့တိုင်းမှာ မိသားစှုစုံစုံညီညီဆွမ်းလောင်းကုသိုလ်အမြဲပြုလုပ်တဲ့ ဆုပန်ထွာ”

“ကြာသပတေးနေ့တိုင်းမှာ မိသားစှုစုံစုံညီညီဆွမ်းလောင်းကုသိုလ်အမြဲပြုလုပ်တဲ့ ဆုပန်ထွာ”

39
0

ဆုပန်ထွာကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်လောက်အထိ အောင်မြင်မှုရရှိထားတဲ့တဲ့ သရုပ်ဆောင်မင်းသမီး တစ်လက်ပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ အဆိုတော်တစ်ဦးအနေနဲ့ပါ သီချင်းတွေကို သီဆိုပြီး တေးစီးရီးခွေတွေလည်းထွက်ရှိထားပါသေးတယ်။မကြာသေးမီကထွက်ရှိတာတဲ့ သူမရဲ့ “သေလောက်အောင်ချစ်တယ်”တေးစီးရီးခွေလေးဟာလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကြပြီး အောင်မြင်မှုရရှိခဲ့တာပဲဖြစ်ပါတယ်။

ဆုပန်ထွာကတော့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ဆုပန်ထွာကတော့ ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး အလှူအတန်းတွေကိုမကြာခဏဆိုသလိုပြုလုပ်နေတဲ့သူလည်းဖြစ်ပါတယ်။

လတ်တလောမှာလည်း ဆုပန်ထွာက ကြာသပတေးနေတိုင်း မိသားစှုစုံစုံညီညီဆွမ်းလောင်းအလှူကိုပြုလုပ်ခဲ့ပြီး ဒီနေ့မှာတော့ဆွမ်းနဲ့ပုဇွန်ခြောက်ချဉ်ပေါင်ကြော်ကိုလောင်းလှူခဲ့တာကို “ကြာသပတေးနေ့ မိသားစုဆွမ်းလောင်းကုသိုလ်လေးပါ။(ဆွမ်း+ ပုဇွန်ခြောက်ချဉ်ပေါင်ကြော်)”ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။”သူတော်ကောင်းများနဲ့သာတွေ့ရဆုံရပါလို၏။ဤကုသိုလ်ကောင်းမှူလေးတွေကြောင့်ဘဝမှာစိတ်အေးချမ်းသာယာစွာနေရပါလို၏ဘုရား” လို့လည်းဆုတောင်းထားပါသေးတယ်။ ပရိသတ်ကြီးရေ ဆုပန်ထွာရဲ့ အလှူအတွက် သာဓုခေါ်သွားပေးပါဦးနော်။