Home သတင်း အကြွေးနဲ့ ထီရောင်းပေးတဲ့ထီသည်ကြီးကို ကားတစ်စီးပြန်ဝယ်ပေးခဲ့တဲ့ အဘွားဒေါ်ခင်တင့်

အကြွေးနဲ့ ထီရောင်းပေးတဲ့ထီသည်ကြီးကို ကားတစ်စီးပြန်ဝယ်ပေးခဲ့တဲ့ အဘွားဒေါ်ခင်တင့်

940
0

(၅) ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲကံထူးသွားသူကတော့ ငွေကြေးချို့တဲ့တဲ့ အဖွားအိုတစ်ဦးဖြစ်ပြီး ထီဖိုးကို အကြွေးထိုးထားရာမှ သိန်း (၁၅၀၀၀) ပေါက်ခဲ့ခြင်းဖြစ်သည်။

ထီပေါက်ပြီးနောက်နေ့မှာပဲ အလှူအတန်းတွေလည်းပြုလုပ်ခဲ့ပါတယ်။

11.7.2019 မှာတော့ အဖွားဒေါ်ခင်တင့် ထီအရောင်းကိုယ်စားလှယ်အတွက် ကားတစ်စီး လှူဒါန်းခဲ့တာဖြစ်ပါတယ်။ တဦး​မေတ္တာနဲ့တဦး ​စေတနာပါပဲ သိန်း(၁၅၀၀၀) ကံထူးရှင် အဖွားဒေါ်ခင်တင့်မှရွှေထီးထီအရောင်းကိုယ်စားလှယ်ဦးစောဝင်းအားကားတစီးလွှဲပြောင်းပေးအပ်ခဲ့ပါတယ်​။