Home အနုပညာ ချစ်သူသက်တမ်း (၁) နှစ်ပြည့်သွားပြီဖြစ်တဲ့ နေခန့်မင်းသစ်တို့ ချစ်သူနှစ်ဦး

ချစ်သူသက်တမ်း (၁) နှစ်ပြည့်သွားပြီဖြစ်တဲ့ နေခန့်မင်းသစ်တို့ ချစ်သူနှစ်ဦး

229
0

Myanmar Idol season 3 ရဲ့ ပြိုင်ပွဲဝင် တစ်ဦး ဖြစ်တဲ့ နေခန့်မင်းသစ်ဟာဆိုရင် ချောမောလှပတဲ့ မျက်နှာလေးနဲ့ ရှည်လျားတဲ့ သူ့ရဲ့ဆံပင်လေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းစွဲ ပြိုင်ပွဲဝင် ဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ သာယာချိုမြတဲ့ အသံလေးကြောင့်လည်း သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူလေးပါ။ နယ်ပွဲတွေမှာ အဆက်မပြတ် သီချင်းသွားဆိုနေတဲ့ နေခန့်မင်းသစ်က သူရဲ့အနုပညာကို ပရိသတ်တွေထံ ချပြရင်းပျော်နေတာပဲ ဖြစ်ပါတယ်။

မကြာသေးခင်ကမှ ပထမဦးဆုံး Single Song အနေနဲ့ ထွက်ရှိထားခဲ့တဲ့ “ရင်ခွင်ဟောင်း” သီချင်းလေးဟာဆိုရင်လည်း ပရိသတ်တွေကို အကြိုက်တွေ့စေနိုင်ခဲ့တဲ့ သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ခဲ့ရတာပါ။ လတ်တလောမှာလည်း သူက ဖျော်ဖြေပွဲတစ်ခုအနေနဲ့ ဘားအံဘက်ကို သူငယ်ချင်းတွေနဲ့အတူ သွားရောက်ဖျော်ဖြေပေးခဲ့ပါသေးတယ်။

ဒီကနေ့မှာတော့ နေခန့်မင်းသစ်က ချစ်သူလေးနဲ့ ချစ်သူသက်တမ်း (၁) နှစ်ပြည့်သွားပြီဖြစ်ကြောင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်သက်တမ်း (၁) နှစ်ပြည့်မှ ချစ်သူလေးကို ထုတ်ပြပေးလာခဲ့တဲ့ နေခန့်မင်းသစ်ကြောင့် ပရိသတ်တွေကလည်း အရမ်းကို အံ့သြသွားခဲ့ကြရတာပါ။

ချစ်သူသက်တမ်း (၁) နှစ်ပြည့်သွားပြီဖြစ်ကြောင်းကိုတော့ နေခန့်မင်းသစ်က “ဟက်ပီးဝမ်းရီးယား အန်နဗာစရီ😍” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်သူသက်တမ်း (၁)နှစ်ပြည့်မှာ ချစ်သူလေးကို ထုတ်ပြလာခဲ့တဲ့ နေခန့်မင်းသစ်အတွက် စကားလက်ဆောင်လေး ပြောပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။