Home သတင်း ဗစ်တိုးရီးယားအတွက်အလှုငွေလက်ခံရန်ဖွင့်ထားသောအကောင့်အား ဗဟိုဘက်မှတရားဝင်စာမရချိန်အထိပြန်လည်ဖွင့်ပေးထားမယ်လို့ AYA Bank အကြောင်းပြန်

ဗစ်တိုးရီးယားအတွက်အလှုငွေလက်ခံရန်ဖွင့်ထားသောအကောင့်အား ဗဟိုဘက်မှတရားဝင်စာမရချိန်အထိပြန်လည်ဖွင့်ပေးထားမယ်လို့ AYA Bank အကြောင်းပြန်

217
0

သမီးလေးဗစ်တိုးရီးယားအတွက် ကိုဝင်းကိုကိုသိန်းအကောင့်ဖြင့် ဖွင့်ထားသော AYA Bank အကောင့်မှာယခုမနက်တွင်ငွေအထုတ်သွင်းလုပ်မရဖြစ်နေတယ်လို့ အလှုငွေလက်ခံသူများထံမှသိရှိရပါတယ်။ ယမန်နေ့က သက္ကမိုးညိုအား အလှူခံသည့်ကိစ္စနှင့်ပတ်သတ်ပြီးမမှန်မကန်လုပ်ထားပါက စုံစမ်းအရေးယူမယ်လို့ ရဲတပ်ဖွဲ့ကထုတ်ပြန်ထားတာလည်းရှိနေပြန်ပါတယ်။ ဗဟိုဘဏ်အနေနဲ့ တရားဝင်စာလက်ထဲရောက်တဲ့အချိန်ထိအကောင့်ကိုဖွင့်ထားပေးမယ်လို့ AYA Bank က အကြောင်းပြန်လာတယ်လို့သိရှိရပါတယ်။ ထိုကိစ္စနှင့်ပတ်သတ်ပြီးရှင်းပြထားတဲ့ Jessica Mozart ရဲ့ပို့စ်လေးကိုမျှဝေပေးလိုက်ပါတယ်။

AYA Bank က တာဝန်ရှိသူနဲ့ ဖုန်းပြောဖြစ်ပါတယ်။ပထမ Call မှာ ပြောဖြစ်တာက … ဗဟိုဘဏ်ကနေ ညွှန်ကြားချက်နဲ့ ဘဏ်အကောင့်ကို suspend (ဆိုင်းငံ့) လုပ်ခိုင်းထားလို့ လုပ်ထားရပါတယ်တဲ့။ ဘဏ်ဖက်ကကြေညာချက်ထုတ်ပေးပါ့မယ်တဲ့။ သူတို့သဘောနဲ့ သူတို့ပိတ်ရတာမဟုတ်ပါဘူးတဲ့။ အဲ့လိုလည်း လုပ်ခွင့်မရှိပါဘူးတဲ့။ အကောင့်ထဲက ငွေတွေလည်း ဘာမှမဖြစ်ပါဘူးတဲ့။ကိုသက္ကမိုးညိုက ဘဏ်ကိုမေးလို့ သိရတာကတော့ “ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့” က လှမ်းပိတ်ခိုင်းလို့ ပိတ်ထားရတယ်လို့ သိရပါတယ်။

ဘဏ်က ဒုတိယဖုန်း call မှာတော့ ဗဟိုဘဏ်က တရားဝင်စာတော့ လက်ထဲမရောက်သေးပါတဲ့။ လက်ထဲရောက်တဲ့အထိ အကောင့်ပြန်ဖွင့်ထားပေးပါမယ်တဲ့။အခု အကောင့်ပြန်ပွင့်နေပါပြီ။ ဒီထဲက ငွေတွေကို အချိန်မှီ ထုတ်ဖို့ ပြောနေကြတာတွေ့ပါတယ်။ ကျွန်မတို့ အနေနဲ့ အဲ့ဒီလိုလုပ်မှ “မရိုးသားဘူး” လို့ အစွပ်စွဲခံရနိုင်တာမို့ ငွေတွေထုတ်လိုက်ဖို့ ဆန္ဒမရှိပါဘူး။ အကောင့်ဝင်လို့ရတဲ့ နောက်ဆုံးအချိန်အထိ Update တွေ စစ်ပြီးယူထားပါ့မယ်။အခုလက်ရှိ ပမာဏကတော့ ၁၉၆ သိန်းကျော်နေပါပြီ။ အလှူရှင်များကလည်း အလှူငွေတွေ မလွှဲသေးပဲ ဆိုင်းငံ့ထားစေလိုပါတယ်။ ပြဿနာတွေရှင်းမှ ဆက်လုပ်ကြတာပေါ့။

Jessica Mozart (Victoria’s Finance Team)