Home အနုပညာ စီးပွားရေးတိုးချဲတဲ့အနေနဲ့ အသုတ်ဆုံလေးရောင်းတော့မယ်လို့ ဆိုလာတဲ့ အိုင်းရင်းဇင်မာမြင့်

စီးပွားရေးတိုးချဲတဲ့အနေနဲ့ အသုတ်ဆုံလေးရောင်းတော့မယ်လို့ ဆိုလာတဲ့ အိုင်းရင်းဇင်မာမြင့်

279
0

အိုင်းရင်းဇင်မာမြင့် ကတော့ နိုင်ငံကျော်အမျိုးသမီးအဆိုတော်တစ်ဦး ဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ အသံချိုချိုလေးနဲ့ ပရိသတ်ရင်ထဲရောက်အောင် ခံစားသီဆိုတတ်မှုကြောင့် ထွက်ရှိသမျှသီချင်းတိုင်းလိုလို လူတိုင်းပါးစပ်ဖျားမှာရေပန်းစားခဲ့ပါတယ်။

လက်တလောမှာတော့ ” အကြောင်းပြန်ပေးပါ ” အယ်လ်ဘမ် ထွက်ရှိထားပြီး ပရိတ်သတ်ရဲ့ တခဲနက် ချစ်ခင်အားပေးမှုရရှိထားပြီး ရောင်းအားအကောင်းဆုံး သီချင်းများစာရင်းထဲဝင်တဲ့အထိ ပရိသတ်အားပေးမှုကိုရရှိထားပါတယ်။

လက်ရှိမှာတော့ စီးပွားရေးတိုးချဲတဲ့အနဖြင့် အသုတ်ဆုံလေးရောင်းနေပြီဖြစ်ကြောင်း “Baby Irene အသုတ်စုံရသည် ခေတ်အရမ်းကောင်းတုန်းလေး စီးပွားရေးတိုးချဲ့ကိုယ့်လက်ရာတွေရှိုး လျှာလည်သွားမယ် ရှလွှတ် ” လို့သူမရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။  ပရိသတ်ကြီးရေ အိုင်းရင်းဇင်မာမြင့်ကိုယ်တိုင် သုတ်ရောင်းတဲ့ အသုတ်လေးကို ၀ယ်စားကြမှာလား ဆိုတာ မှတ်ချက်လေးပေးခဲ့ပါဦးနော်။

Source: Irene Zin Mar Myint