Home အနုပညာ သမီးလေးနဲ့အတူ အလှူလုပ်ရင်း ဝါဆိုသင်္ကန်း ကပ်လှူခဲ့တဲ့ ခိုင်​နှင်းဝေ

သမီးလေးနဲ့အတူ အလှူလုပ်ရင်း ဝါဆိုသင်္ကန်း ကပ်လှူခဲ့တဲ့ ခိုင်​နှင်းဝေ

43
0

ကိုယ်ကျိုးမကြည့်ပဲ ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်လေ့ရှိတာကြောင့် ပရဟိတ မင်းသမီးကြီးလို့​တောင်​ တင်​စား​ခေါ်​ဝေါ်ကြတဲ့ သရုပ်ဆောင်​ ခိုင်နှင်းဝေက​တော့ သူမရဲ့ မွန်​မြတ်​တဲ့စိတ်​ထား​လေး​ကြောင့်​ ပရိသတ်​​တွေ လေးစားအားကျ ချစ်ခင်ကြသူတစ်​ဦးပါ။ အလှူအတန်းတွေမှာလည်း လက်မနှေးလှတဲ့ ခိုင်​နှင်း​ဝေက​တော့ လတ်တလောမှာလည်း ချစ်ရတဲ့ သမီးလေးနဲ့အတူ အလှူလုပ်ရင်း ဝါဆိုသင်္ကန်း ကပ်လှူခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးကလည်း မေမေ ခိုင်နှင်းဝေနဲ့အတူ ဘုန်းဘုန်းကို ရှိခိုးပြီး ကုသိုလ်ယူခဲ့တာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ ခိုင်နှင်းဝေတို့ သားအမိရဲ့အလှူပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေကတော့ ” စိန်ရတနာကျောင်း ပရိယတ္တိစာသင်တိုက် မှ ရွှေရတနာ စာသင်နှစ်ထပ်တိုက်ကျောင်းဆောင် ကြီးအတွင်း တည်ထားကိုးကွယ်နိုင်ရန် ဘုရား ဆင်းတုတော် အတွက် အလှူငွေ ၂ သိန်းကျပ်တိတိ နှင့် ဝါဆို သင်္ကန်းတို့ကို အမေနဲ့ သမီးလေးနဲ့တူတူ ကပ်လှူခဲ့ပါတယ်ရှင် 🙏🙏🙏” ဆိုပြီး သူမတို့ သားအမိရဲ့ ကုသိုလ်အကြောင်းကို ဝေမျှပေးထားတာပါ။

အရမ်းကို လည်လွန်း တတ်လွန်းတဲ့ ခိုင်နှင်းဝေရဲ့သမီးလေးရဲ့ချစ်စဖွယ် အပြုအမူလေးတွေကြောင့်လည်း ပရိသတ်တွေအားလုံးက အချစ်ပိုနေကြရတာပဲ ဖြစ်ပါတယ်။

ပရဟိတမင်းသမီးကြီး ခိုင်​နှင်း​ဝေက​တော့ အခုဆိုရင်​ မိဘမဲ့က​လေး​တွေလည်း သူမကိုယ်တိုင် မိခင်​အမည်​ခံ မွေးစားပြီး မေတ္တာအပြည့်အဝပေးနေတာပဲ ဖြစ်ပါတယ်။ မွန်​မြတ်​တဲ့ ​မေတ္တာတရား​တွေ ပြည့်​နှက်​​နေတဲ့ ခိုင်​နှင်း​ဝေက​တော့ ပရဟိတလုပ်​ငန်း​တွေအတွက်​ “ခိုင်​နှင်း​ဝေ ပရဟိတလူငယ်​များအသင်း”ကို တည်​​ထောင်​ထားတာပဲ ဖြစ်ပါတယ်။ ချစ်​ပရိသတ်​​တွေ​လည်း ချစ်စရာစိတ်ဓာတ်ပိုင်​ရှင်​​​​​လေး ခိုင်​နှင်း​ဝေရဲ့ကုသိုလ်​ကို သာဓု​ခေါ်သွားကြပါဦး​နော်​။