Home အနုပညာ သင်တန်းမတက်ဘဲ မင်းသားဖြစ်လာတဲ့အကြောင်းပြောပြတဲ့ လွင်မိုး

သင်တန်းမတက်ဘဲ မင်းသားဖြစ်လာတဲ့အကြောင်းပြောပြတဲ့ လွင်မိုး

35
0

မင်းသားငယ်ဘဝတုန်းပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်မင်းသားလွင်မိုးကတော့ လတ်တလောမှာအနုပညာလုပ်ငန်း တွေကိုပြန်လည်လုပ်ကိုင်ဖြစ်နေပါပြီ။ သူပြန်လည်သရုပ်ဆောင်တော့ သူရဲ့မူလပရိသတ်တွေကလည်းတခဲနက်အားပေးပြီးပြန်လည်ကြိုဆိုကြပါတယ်။အခုပန်းပွင့်မီဒီယာနဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုပြောချင်လွန်းလို့မိတ်ဆွေတွေသိရအောင်ပြန်ပြောပြပေးလိုက်ပါတယ်။

ဒီလောကကိုနည်းနည်းနားလည်အောင်ပြောပြရရင် ဒီနေ့ကမ္ဘာမှာဒါရိုက်တာသင်တန်းဆိုတာရှိတယ်။ သရုပ်ဆောင်သင်တန်းဆိုတာရှိတယ်။ဇာတ်ညွှန်းသင်တန်းဆိုတာရှိတယ်။ မင်းသားမင်းသမီးသင်တန်းဆိုတာရှိတယ်။ တစ်ကမ္ဘာလုံးမှာရှိနေကြတဲ့သင်တန်းတွေကနေဆင်းလာတဲ့သူတွေက သန်းနဲ့ချီရှိတယ်။ အဲ့ဒီထဲမှာတစ်ယောက်အောင်မြင်ဖို့ဆိုတာ သူ့နိုင်ငံအလိုက်မလွယ်ဘူး။ မြန်မာပြည်မှာကသင်တန်းတွေမရှိဘူးသို့သော် မြင့်မြတ်တို့ဖြစ်လာတယ်။ ကျွန်တော်တို့ဖြစ်လာတယ်ဆိုတာက ဗွီဒီယိုကားမြောက်များစွာ ရုပ်ရှင်ကားပေါင်းမြောက်များစွာရိုက်ပြီးအတွေ့အကြုံယူပြီးဖြစ်လာကြတာ။အဲ့ဒီလိုပဲ သူ့အခက်အခဲနဲ့သူရှိတဲ့အတွက် ဒါရိုက်တာတယောက်ကလည်း သူ့ဟာနဲ့သူတော်တာရှိမယ် မတော်တာရှိမယ်တော်လျက်မအောင်မြင်တဲ့သူတွေရှိမယ်။တစ်ခါတလေကျလို့ရှိရင် အနုပညာလောကဆိုတာ ဒီလောက်ကြီးလည်းမတော်ဘူး သူ့ဟာသူအောင်မြင်နေတာတွေလည်းရှိတယ်။ဒါတွေကသွားပြောလို့မရဘူး။

ဇာတ်လမ်းတွဲဆုပေးမယ့်အပေါ်မှာလည်း သူအမြင်ကို “Star Awards ကပေးတာပေးတာပဲ ညီလေးတို့မမှားကြနဲ့ ဟောလိဝုဒ်က အော်စကာဆုပေးပွဲမှာဇာတ်လမ်းတွဲတွေမပါဘူး ။ကျွန်တော်ဆီမှာအဓိကပြဿနာက အရမ်းစိမ်းတဲ့အရာတစ်ခုကိုချပြလိုက်တဲ့အခါ ပြဿနာတတ်တာပဲ။ သူများဆီမှာဘယ်လိုပဲရှိနေရှိနေဒီရောက်လာပြဿနာတတ်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစိမ်းတဲ့ဟာကို use to ဖြစ်အောင်လုပ်ရမယ်။ တွဲခေါ်ရမယ်။ ငါမှန်တယ် ဒါကဒီ ဒါကဒီလိုဆိုပြီးလုပ်လို့မရဘူုး ။ကျွန်တော်တို့ဆီမှာချိတ်ဆက်လို့မရဘူး။ အစွဲတွေကရှိတယ်။ သူတို့နားလည်နေတဲ့အတိုင်းအတာတွေရှိတယ်။ ဖြည်းဖြည်းချင်းသွားရမှာ။ အဲ့ဒီလိုဖြည်းဖြည်းချင်းလုပ်ရမယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။