Home အနုပညာ မြန်မာ့ရုပ်ရှင်တိုးတက်ဖို့ အက်ရှင်ကားနဲ့ဖောက်မှရမယ်ဆိုတဲ့ နေထက်လင်း

မြန်မာ့ရုပ်ရှင်တိုးတက်ဖို့ အက်ရှင်ကားနဲ့ဖောက်မှရမယ်ဆိုတဲ့ နေထက်လင်း

276
0

ဟိုးအရင်ကတည်းက ပရိသတ်တွေ အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အက်ရှင်မင်းသားကြီး နေထက်လင်းကတော့ ပြည်ပနိုင်ငံမှ အက်ရှင်ကားတွေ မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး နွေးထွေးစွာကြိုဆိုကြောင်း ပြောကြားသွား ခဲ့ပါတယ်။ ထို့နောက် နေထက်လင်းကတော့ မြန်မာ့ရုပ်ရှင်လောက တိုးတက်ဖို့က အက်ရှင်ကားနဲ့ပဲ ဖောက်မှရမယ်လို့ ပြောကြားသွားခဲ့ပြီး ပြည်ပနဲ့လည်း ပူးပေါင်းလုပ်ဆောင်နိုင်မှ တိုးတက်မယ်လို့ ပြောကြားလာခဲ့ပါတယ်။

အကုန်သိနဲ့ အင်တာဗျူးမှာတော့ နေထက်လင်းက “ကျွန်တော်တို့က တော်တော်လေးနောက်ကျနေပါပြီ။ ကျွန်တော်တို့ရဲ့ ဘောင်ရော ရုပ်ရှင်ရော စီးပွားရေးရော နိုင်ငံရေးရော သူများနိုင်ငံတွေထက် နှစ် ၅၀ လောက် နောက်ကျနေပါပြီ။ အခုချိန်မှာ ဒီလိုမျိုးတွေ ဖြစ်လာတဲ့အတွက် လူတွေအကုန်လုံးက မျက်စိတွေပွင့် နားတွေ ပွင့်လာလို့ ကျွန်တော်ကတော့ အရမ်းပျော်ပါတယ်ဗျာ။ ဝမ်းလည်းဝမ်းသာပါတယ်။ ကျွန်တော်တို့ အက်ရှင်ကားတွေဆိုရင် တော်တော်များများက ခေါင်းခါကျတယ်။ အထင်သေးကြတယ်။ အခုမှ မျက်စိပွင့်နားပွင့်ကျတယ်။ အဲ့အတွက် ကျွန်တော်ရီလည်းရီချင်ပါတယ်။ ကျန်ခဲ့တဲ့ နှစ် ၃၀ လောက်ကတည်းက ဒါတွေမြင်နေလို့ ကျွန်တော်ငယ်ကတည်းက အက်ရှင်ကိုပဲ လေ့လာခဲ့တာ။

အခု ဒီလိုမျိုး ကြိုးတွေဘာတွေဆင်းတာကလည်း ကျွန်တော် ငယ်ငယ်ကတည်းက လုပ်ဖူးတယ်။ ၁၉၉၉ လောက်ကတည်းက ဟယ်ရီကော်ပတာပေါ်ကနေ ကြိုးနဲ့လျောဆင်းတာတွေ လုပ်တာ။ လူစားမထိုးဘူး။ အခုလာရိုက်တာတောင် မင်းသားနေရာမှာ လူစားထိုးတာတွေ ပါတယ်။ ဒါတွေက ကျွန်တော်တို့အတွက် လွယ်တယ်။ သတ္တိရှိဖို့လိုတယ်။ ကျွန်တော်တို့က အသက်ပေးထားတယ်။ ကျွန်တော်ဆို လက်တွေကြိုးသွားတွေကြိုး မျက်လုံးတွေကန်း မေ့သွား မျိုးစုံကိုဖြစ်တာ။ အက်ရှင်ကို အထင်မသေးပါနဲ့ အက်ရှင်က ကမ္ဘာဖောက်လို့ရတယ်။ ပြောတာတွေကို နားမထောင်တော့ ကျွန်တော်တို့ ဝမ်းနည်းခဲ့တယ်။ ကျွန်တော်တို့ အက်ရှင်မင်းသားတွေဆို လူတွေက အထင်သေးကြတယ်။ လုပ်ကြည့်ပါ တကယ်ဝင်ပြီး သရုပ်ဆောင်ကြည့်ပါ။ မျက်ရည်လူတိုင်းကျအောင် လုပ်လို့ရတယ်။ အက်ရှင်ကတော့ လူတိုင်းမလုပ်နိုင်ဘူးနော်။ အနစ်နာခံရတာတွေကြီးပဲ။ Drama ကလုပ်ရတာလွယ်တယ်။ အက်ရှင်ကားခက်ပါတယ်။ ဟာသ ကားခက်ပါတယ်”

နိုင်ငံခြားက အက်ရှင်ကားတွေ လာရိုက်တဲ့အပေါ် “ဒါဝမ်းသာစရာပါ။ ကျွန်တော်ဒါမျိုး ရိုက်ချင်တာ ကြာပါပြီ။ ကျွန်တော် ဂျက်ကီချန်းကိုလည်း ရိုက်ဖို့ပြောထားတာ ဒါပေမယ့်လည်း ဂျက်ကီချန်းက ကျွန်တော်တို့ဆီမှာ မရိုက်ပဲနဲ့ အခြေနေအကြောင်းကြောင်းကြောင့် ကမ္ဘောဒီးယားမှာ သွားရိုက်တယ်။ ဒီလိုမျိုး သူများနိုင်ငံက စတန့်ခန်းတွေ လာရိုက်တာကို ထုတ်လုပ်သူတွေ မြင်စေချင်ပါတယ်။ ကမ္ဘာကို ထိုးဖောက်ချင်တယ်ဆိုရင်တော့ အက်ရှင်ကားနဲ့ပဲထိုးဖောက်လို့ ရမယ်။ Drama နဲ့ ထိုးဖောက်လို့ မရဘူး။ သရဲကားရိုက်ရင်ရိုက် ဒါပဲရမယ်။ ကိုရီးယားကတော့ ကမ္ဘာကို Drama နဲ့ ထိုးဖောက်သွားတယ်။ အက်ရှင်ကျတော့ ဟောင်ကောင်တို့ တရုတ်တို့ကကျွန်တော်တို့ထက် အများကြီး အဆင့်မြင့်တယ်ဗျာ။ ဒါကြောင့် သူတို့လာရိုက်တဲ့အခါ နွေးထွေးစွာ ကြိုဆိုရမှာ လေ့လာရမှာ ပူးပေါင်းပြီး ရိုက်ရမှာ ဒါမှ ကျွန်တော်တို့နိုင်ငံက လူတွေ ကမ္ဘာကျော်မှာ ကျွန်တော့်အတွက်လည်း မဟုတ်ပါဘူး။ နောင်လာနောက်သားတွေ အတွက်ပါ”

“မြန်မာနိုင်ငံမှာ အက်ရှင် ရိုက်တဲ့ ဒါရိုက်တာမရှိပါဘူး။ ရှိတော့ရှိတယ်ရှားတယ်။ ထုတ်လုပ်သူတွေက မလုပ်ပေးချင်ကြဘူး။ ပြီးတော့ တန်အောင်လည်း မပေးကြဘူး။ ကျွန်တော်တို့က အသက်ရင်းထားရတာလေ။ သူတို့က ဈေးကွက်မရှိဘူးဆိုပြီး အကြောင်းပြတယ်။ အဓိကက အက်ရှင်ကား တကားရိုက်တာက ပရိသတ်လက်ခံအောင် ရိုက်တတ်ဖို့လိုတယ်။ အဓိက ဇာတ်ညွန်းပါပဲ။ သူတို့နိုင်ငံမှာ ဇာတ်ညွန်းတခုကို ဒေါ်လာ ၄ သန်း ၅ သန်း ၁၀ သန်းတန်တယ်လေ။ ကျွန်တော်တို့နိုင်ငံမှာ အကုန်မခံနိုင်ဘူး။ သိန်း ၁၀၀ လောက် ဇာတ်ညွန်းဆိုရင်တောင် များတယ်ပြောနေကြတာ။ ဒါကြောင့် ကျွန်တော်အမြဲပြောတယ်။ ကမ္ဘာကို ဖောက်ချင်ရင်နိုင်ငံခြားက တကယ်လုပ်နိုင်တဲ့ အဖွဲ့တွေကို ခေါ်လာခဲ့။ ရှိတဲ့လူတွေနဲ့ ရအောင်ရိုက်မယ်။ အဲ့လိုရိုက်ဖို့လည်း နိုင်ငံတော်က တံခါးမှ မဖွင့်ထားတာ။ မျက်စိပိတ် နားပိတ်လုပ်ထားတယ်လေ” ဟု ဖြေကြားသွား ခဲ့ပါတယ်။ Namalgyi