Home အနုပညာ “နောက်ဆုံး crush နေတဲ့ ဆယ်လီက ကိုဒေါင်းပါ” ဆိုတဲ့ နေခြည်ဦး

“နောက်ဆုံး crush နေတဲ့ ဆယ်လီက ကိုဒေါင်းပါ” ဆိုတဲ့ နေခြည်ဦး

62
0

Beauty Blogger နေခြည်ဦးကတော့ နာမည်ကြီးလာတာနဲ့အမျှ ပြောသမျှ စကားလုံးတိုင်းက ဂယက်ထသွားတာ ဖြစ်ပါတယ်။ နေခြည်ဦးတစ်ယောက် လက်ရှိ ချစ်သူနဲ့ သာယာပျော်ရွှင်တဲ့ ဘဝလေးကိုလည်း ဂယက်တွေကြားက တည်ဆောက်ထားတာ ဖြစ်ပါတယ်။Gucci ကိစ္စနဲ့ ဂယက်တွေ ထခဲ့လို့ စကားပြောဆင်ခြင်ဦးမှဆိုပြီး အင်တာဗျူးတွေမှာ ဖြေကြားခဲ့ပေမဲ့ နောက်ထပ် ဂယက်ထမယ့်ကိစ္စတစ်ခုကို နေခြည်ဦးတစ်ယောက် လုပ်လိုက်ပြန်ပါပြီ။

မင်းသား ဒေါင်းရဲ့ ပရိသတ်တွေ ဝိုင်းသမခံရမယ့် စကားကို နေခြည်ဦးက အင်တာဗျူး တစ်ခုမှာ ခုလိုဖြေသွားတာ ဖြစ်ပါတယ်။

“ နောက်ဆုံး crush နေတဲ့ ဆယ်လီက ကိုဒေါင်းပေါ့နော်။ ကိုဒေါင်းကို အရမ်းကြိုက်တယ်။ သူ့ကိုကြိုက်လို့လည်း အရမ်းအပြောခံရတယ်။ သူ့ Fans တွေကလည်း အရမ်းပြောတယ်။

ဒါပေမဲ့ celebrity crush အနေနဲ့ဆိုရင်တော့ ကိုဒေါင်းကို အရမ်းကြိုက်ပါတယ်။ သူက ချစ်စရာလေး။ သူက အရမ်းကို mysterious ဖြစ်လွန်းတယ်။ အဲ့ဒါကို ကြိုက်တာ ။ သူ့အကြောင်းကို ဘယ်သူမှလည်း မပြောဘူး။ သူ့ဟာသူ နေတယ် အဲ့ဒါမျိုးကို အရမ်းကြိုက်တာ။” လို့ ဆိုပါတယ်။

လက်ရှိချစ်သူရဲ့ သွင်ပြင်ဟန်ပန်နဲ့ ချစ်ဖို့ကောင်းတဲ့ အပြုအမူကိုလည်း “အခုချစ်သူက အသားဖြူဖြူ ပါးချိုင့်လေးနဲ့ မှဲ့ပါတာလေးကို အရမ်းကြိုက်တယ်။ ပြီးတော့ အမြဲပြုံးနေတတ်တယ်။ အနွံတာခံတယ်။” လို့ ဆိုပါတယ်။

လူတွေက အသည်းခွဲသမားကြီးလို့ပြောနေကြတဲ့အပေါ် နေခြည်ဦးဖြေရှင်းချက်က “ ကိုယ့်ကို လူတွေက အသည်းခွဲသမားကြီးလို့ပြောကြတာ။ ကိုယ်ကသူများတွေကို အသည်းခွဲတယ်လို့ ပြောကြတယ်။ ဟုတ်လား မဟုတ်လားတော့ မသိဘူး။ တွဲခဲ့ဖူးသမျှ ex တွေအကုန်လုံးက ကိုယ့်ကို စကားပြန်မပြောဘူး။ ကိုယ်ပဲဆိုးတာလား သူတို့ပဲ ဆိုးတာလားတော့ မသိလူးပေါ့နော်။” ဆိုပြီး ဖြေကြားသွားပါတယ်။

နေခြည်ဦးက မျက်နှာပြင်ဆင်ခွဲစိတ်မှုအပေါ်မှာလည်း စိတ်ကျေနပ်မှုရှိပြီး နောက်ထပ်ပြင်ဖြစ်ဦးမယ်ဆိုရင်တော့ မေးရိုးခွဲစိတ်မှု လုပ်မယ်လို့ ပြောသွားခဲ့ပါတယ်။