Home အနုပညာ ချစ်ခင်ပွန်းရဲ့လက်ကိုခိုင်ခိုင်တွဲပြီး မကွေးမြသလွန်ဘုရားကြီးကို ဖူးမြော်ကာကုသိုလ်ယူနေတဲ့ နန္ဒာလှိုင်

ချစ်ခင်ပွန်းရဲ့လက်ကိုခိုင်ခိုင်တွဲပြီး မကွေးမြသလွန်ဘုရားကြီးကို ဖူးမြော်ကာကုသိုလ်ယူနေတဲ့ နန္ဒာလှိုင်

286
0

အကယ်ဒမီမင်းသမီးချော နန္ဒာလှိုင်ကတော့ တစ်ချိန်က အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ နန္ဒာလှိုင်က အိမ်ထောင်ကျပြီး နောက်ပိုင်းကတည်းက အနုပညာအလုပ်တွေကို ရပ်နားခဲ့ပေမယ့် ပရိသတ်တွေကတော့ သူမကိုချစ်ခင်အားပေးနေဆဲ ဖြစ်ပါတယ်။အခုချိန်မှာ နန္ဒာလှိုင်က သမီးသုံးယောက်နဲ့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။

ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေတဲ့ နန္ဒာလှိုင်က မိသားစုနဲ့အတူ မကြာခဏ ခရီးထွက်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း နန္ဒာလှိုင်က ချစ်ခင်ပွန်းနဲ့အတူ ခရီးတွေထွက်ရင်း ပျော်ရွှင်နေတာ တွေ့ရပါတယ်။ နန္ဒာလှိုင်တို့ဇနီးမောင်နှံက မကွေးမြို့ကိုရောက်တုန်းရောက်ခိုက်မှာ မကွေးမြသလွန်ဘုရားကြီးကို သွားရောက်ဖူးမြော်ပြီး ကုသိုလ်ယူခဲ့ကြပါတယ်။

အခုလည်း နန္ဒာလှိုင်က ”မကွေးမြို့စွန် မြသလွန် ကိုအတူဖူးခဲ့တာတွေ ” ဆိုတဲ့ သီချင်းစာသားလေးနဲ့အတူ အမှတ်တရပုံလေးတွေကို တင်ထားပါတယ်။ နှစ်ယောက်သားအတူတူ ရွှေလက်တွဲပြီး ကုသိုလ်ယူနေတဲ့ပုံရိပ်လေးတွေကလည်း ကြည်နူးစရာကောင်းနေတာာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘုရားဖူးရင်း ပျော်ရွှင်နေတဲ့ နန္ဒာလှိုင်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nandar Hlaing;