Home အနုပညာ စင်ကာပူထီဆုကြီးပေါက်ခဲ့လို့ အရမ်းပျော်ရွှင်နေတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုး

စင်ကာပူထီဆုကြီးပေါက်ခဲ့လို့ အရမ်းပျော်ရွှင်နေတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုး

806
0

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ကိုရီးယားမလေးလို ကြည်လင်တဲ့အသားအရည်လေးမျိုးကိုပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်။ သူမကတော့ မထိရက်မကိုင်ရက်လောက်အောင် ဘိုမရုပ်လေးနဲ့တူလွန်းတာကြောင့် ပရိသတ်တွေကချစ်မဝဖြစ်နေရတာပါ။ နန်းဆုဟာ သရုပ်ဆောင်အလုပ်တွေသာမကပဲ ဂီတဘက်မှာလည်း အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ဦးအဖြစ်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

သူမရဲ့ သီချင်းများဟာလည်း ယနေ့ထက်ထိ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလျက်ရှိနေတာပါ။ ဒါ့အပြင် အနုပညာလမ်းကြောင်းပေါ်မှာလည်း ဆယ်စုနှစ်တိုင်အောင် အောင်မြင်မှုတွေနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ နန်းဆုဟာ ယနေ့ချိန်ထိတိုင်နုပျိုလှပနေတဲ့အလှတွေနဲ့ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်သူလေးပါ ။

သူမကတော့တစ်နေ့ထက်တစ်နေ့အလှတွေပိုလာတာကြောင့်ပရိသတ်တွေကိုရဲ့စောင့်ကြည့်ခြင်းကိုခံနေရတာဖြစ်ပါတယ်။ အမြဲတမ်းကံကောင်းခြင်းတွေကိုရရှိနေတဲ့ နန်းဆုကတော့ အခုတစ်ခေါက်မှာလည်း စင်ကာပူနိုင်ငံရဲ့ထီဆုကြီးပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ Facebook Myday တွင်လည်း ” စင်ကာပူထီပေါက်တယ်ဟ ၈၅ ဒေါ်လာဆိုပဲ ပထမဆုံးအကြိမ်စမ်းထိုးကြည့်တာနော် ” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် နန်းဆုရဲ့ကံကောင်းခြင်းတွေကို ဝေမျှပေးလိုက်ရပါတယ်နော်။

Photo – Nansu Yati Soe