Home အနုပညာ Line walker (2) ကို ငြင်းလိုက်တဲ့ မင်းသားတွေအတွက် မင်းရာဇာ ရဲ့ ရင်တွင်းခံစားချက်

Line walker (2) ကို ငြင်းလိုက်တဲ့ မင်းသားတွေအတွက် မင်းရာဇာ ရဲ့ ရင်တွင်းခံစားချက်

606
0

ပရိသတ်ကြီးရေ လတ်တလော မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးနေတဲ့ Line Walker (2) ရုပ်ရှင်ဟာ မြန်မာပရိသတ်တွေ အာရုံစိုက်ခံနေရသလို ပြည်တွင်း ရုပ်ရှင်ဈေးကွက်ကိုလည်း ရိုက်ခတ်မှုတွေရှိစေခဲ့တာပါ ။ အဆိုပါ ရုပ်ရှင် ရိုက်ကူးဖို့ ငြင်းပယ်လိုက်ကြသူတွေထဲမှာ နာမည်ကြီး မြန်မာမင်းသားတွေ ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းကလည်း ပရိသတ်တွေကို ပွဲဆူစေခဲ့ပါတယ်။

Line walker (2) ကို ငြင်းလိုက်တဲ့ မင်းသားတွေအတွက် မင်းရာဇာ ရဲ့ ရင်တွင်းခံစားချက် 1Line walker (2) ကို ငြင်းလိုက်တဲ့ မင်းသားတွေအတွက် မင်းရာဇာ ရဲ့ ရင်တွင်းခံစားချက် 2Line walker (2) ကို ငြင်းလိုက်တဲ့ မင်းသားတွေအတွက် မင်းရာဇာ ရဲ့ ရင်တွင်းခံစားချက် 3Line walker (2) ကို ငြင်းလိုက်တဲ့ မင်းသားတွေအတွက် မင်းရာဇာ ရဲ့ ရင်တွင်းခံစားချက် 4ပရိသတ်တွေရဲ့ အချစ်တော် ဖိုက်တင်မင်းသားတစ်လက်ဖြစ်တဲ့ မင်းရာဇာက အဆိုပါ ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ခံစားချက်တွေကို လူမှုကွန်ရက်က နေပြောပြ လာပါတယ် ။ မင်းရာဇာက “အချိန်လည်းပေးနိုင်ပါတယ် ရူးသွပ်မှုကလည်း၁၀၀% ပင်ပန်းခံနိုင်တာကတော့မပြောနဲ့တော့ မပြည့်စုံတဲ့ safety မဖြစ်တဲ့ action ကားတွေကိုဒဏ်ရာပေါင်းများစွာနဲ့ ခဲကြမ်းလမ်း/ကတ္တရာလမ်း/ကွန်ကရစ်လမ်းတွေပေါ်မှာနံတွေကျိုးမတတ် အကြိမ်ပေါင်းများစွာကျခဲ့ပြီးဘဝကို Action (အက်ရှင်)မင်းသားတစ်ယောက်အနေနဲ့မြှုပ်နှံထားခဲ့တာ(၁၈)နှစ်ကျော်ခဲ့ပြီ။ ဒါမျိုး safety first ဂရုစိုက်ပေးတဲ့ International company ကြီးနဲ့ဆိုရင်တော့ လန်ထွက်သွားမှာပေါ့ဗျာ။ မင်းသားတွေငြင်းတယ်တဲ့ ကျွန်တော်တို့ကလူကြမ်းတွေဆိုတော့ထားပါအချိန်မတန်သေးလို့ပေါ့ဗျာ။ဘာဘဲဖြစ်ဖြစ်အခုရိုက်နေရတဲ့ညီလေးတွေ ကံအရမ်းကောင်းပါတယ် ဒီလိုအခွင့်အရေးရတဲ့အချိန်မှာ ပင်ပန်းတာတွေမေ့ထားပြီး အကောင်းဆုံးမြန်မာ Actor ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပြလိုက်ပါ။ ဝမ်းသာပါတယ် ကြိုဆိုပါတယ်ညီလေးတို့တင်ပေးတဲ့ညီလေးကို လည်းကျေးဇူး အထူးတင်ပါတယ်ဗျာ ကျွန်တော်ဒီထက်ကြိုးစားရအုန်းမှာပေါ့။ကျွန်တော်တို့လောကတွက် လိုအပ်နေ တဲ့ နည်းပညာတွေရလိုက်တာပေါ့ မြန်မာကိုလာတဲ့အတွက်လည်းဂုဏ်ယူပါတယ် မြန်မာကို ကမ္ဘာသိသွားတာပေါ့ဗျာ မြန်မာနိုင်ငံကကြိုဆိုပါတယ်။ကျွန်တော့်ပရိသတ် အစစ်တွေတွေ့ချင်မြင် ချင်တဲ့နေရာကို ကျွန်တော်ရောက်အောင်သွားပါမယ်လို့ကတိပေးပါတယ်။အားလုံးကိုလေးစားလျှက်-Min Yarzar”လို့ရေးသားထားပါတယ်။ ပရိသတ်ကြီးလည်း မင်းရာဇာ ရဲ့ခံစားချက်တွေအတွက် မှတ်ချက်ကနေ အားပေးစကားပြောခဲ့ကြပါနော်။