Home အနုပညာ ရုပ်တူတဲ့တူမချောလေးကို ပိုင်ဆိုင်ထားပြီဆိုတဲ့ ခြူးလေး သို့မဟုတ် ချစ်နွေ

ရုပ်တူတဲ့တူမချောလေးကို ပိုင်ဆိုင်ထားပြီဆိုတဲ့ ခြူးလေး သို့မဟုတ် ချစ်နွေ

162
0

ခြူးလေးကတော့ MRTV 4 ရဲ့ ပင်တိုင်မင်းသမီးတစ်ဦး အနေဖြင့် အနုပညာလောကထဲကိုဝင်ရောက်လာပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုအခိုင်အမာရရှိထားပါတယ်။ ချစ်စဖွယ်မျက်နှာလေးနဲ့ ချိုသာတဲ့အသံလေးတွေကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းခံနေရသူလည်း ဖြစ်ပါတယ်။

 ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျ ပီပြင်စွာသရုပ်ဆောင်တတ်သူဖြစ်ပြီး ” ထာဝရမန္တလေး ” ဇာတ်လမ်းတွဲကြီးမှ ပရိသတ်ရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ” ချစ်ရပါသောနွေ ” ဇာတ်လမ်းတွဲတွင် “ချစ်နွေ” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားပါတယ်။

 လက်တလောမှာတော့ ခြူးလေးတစ်ယောက် ချစ်စရာတူမလေးကိုပိုင်ဆိုင်ခဲ့ပြီးဖြစ်ကြောင်ကို ” တစ်ဦးတည်းသော မောင်လေးက မွေးတဲ့ သမီးလေး၊ တီတီလေး ရဲ့ သမီးလေး၊ တီတီ့ ဘဝထဲရောက်လာတာ ဒုတိယမြောက်နေ့ ရှိသွားပါပြီစကားမစပ် ချစ်နွေ လေး ဒီနေ့ သရုပ်ဆောင်တာ ဘယ်လိုနေလဲဟင် ” လို့သူရဲ့လူမှုကွန်ရက် စာမျက်နှာမှ ဖော်ပြထားပါတယ်။ ပရိသတ်ကြီးရေ ခြူးလေးရဲ့ တူမလေးကချစ်ဖို့ကောင်းရဲ့လား မှတ်ချက်လေးပေးခဲ့ဦးနော်။