Home အနုပညာ “ကိုရီးယားနိုင်ငံရဲ့ လှပတဲ့ဘူဆန်မြို့လေးကို အလည်အပတ်ရောက်ရှိနေတဲ့ လုလုအောင်”

“ကိုရီးယားနိုင်ငံရဲ့ လှပတဲ့ဘူဆန်မြို့လေးကို အလည်အပတ်ရောက်ရှိနေတဲ့ လုလုအောင်”

115
0

လုလုအောင်ကတော့လွှမ်းပိုင်ရဲ့ “မမဝေဒနာ” သီချင်းကနေ လူသိများကျော်ကြားလားတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။Single Mother တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်နေတဲ့ လုလုအောင်ကတော့ ပုရိသတွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်မှုကို အပြည့်အ၀ရရှိထားတဲ့ သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

လုလုအောင်ကတော့မိန်းကလေးတိုင်း အားကျနှစ်သက်ရလောက်တဲ့ဆွဲဆောင်မှုအပြည့်နဲ့ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပြီး လှပတဲ့ မျက်နှာလေးနဲ့ ချစ်စရာကောင်းနေတာလည်းအမှန်ပါ။သူမကို ချစ်ခင်တဲ့ ပရိသတ်တွေက သူမကို “ခေးကြီးလုစ်”လို့ ချစ်စနိုးနဲ့ ခေါ်ကြပြီး သူမကလည်း သူမကို ချစ်တဲ့ ပရိသတ်တွေကို ရင်ရင်းနှီးနှီးနဲ့ ပြန်လည်ဆက်ဆံလေ့ရှိတဲ့ သူလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ လုလုအောင်က ကိုရီးယားနိုင်ငံရဲ့ လှပတဲ့ဘူဆန်မြို့လေးကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သူမရဲ့ ဘူဆန်ရောက် ပုံလေးတွေကို သူမကိုချစ်တဲ့ ပရိသတ်တွေအတွက်ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရောလုလုအောင်ရဲ့ ပရိသတ်တွေရှိရင် မှတ်ချက်လေးတွေပေးခဲ့ပါဦးနော်။