Home အနုပညာ အကယ်ဒမီ ဆန်ခါတင်ဒုတိယအဆင့်ဝင်သွားတဲ့ မြန်မာရုပ်ရှင် ၂၅ကား

အကယ်ဒမီ ဆန်ခါတင်ဒုတိယအဆင့်ဝင်သွားတဲ့ မြန်မာရုပ်ရှင် ၂၅ကား

523
0

ပြီးခဲ့တဲ့ ၂၀၁၈ မှာတော့ မြန်မာ့ရုပ်ရှင်လောကဟာ သိသိသာသာပြောင်းလဲလာတာကို သတိထားမိကြမှာပါ။ ရုပ်ရှင်ကားတွေအနေနဲ့ အရည်သွေးပိုင်းမှာ ပိုမိုကောင်းမွန်လာပြီး ပရိသတ် အားပေးလက်ခံတဲ့ ရုပ်ရှင်တွေကိုပဲ ရုံတင်များလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ၂၀၁၉ မှာ ကျင်းပမယ့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကလည်း ပြီးခဲ့တဲ့ နှစ်တွေထက်ပိုပြီးတော့ ရင်ခုန်စရာကောင်းလှပါတယ

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် တနှစ်လုံး ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ၈၃ ကားရှိခဲ့ပြီး ယင်း ၈၃ ကားထဲမှာမှ ယခုတခါမှာတော့ ဒုတိယအကြိမ်ဆက်လက်ကြည့်ရှု အကဲဖြတ်ရမယ့် ဇာတ်ကားကြီး ၂၅ ကားကို ဆန်ခါတင် အဖြစ် ရွေးချယ်ထားကြောင်း သိရပါတယ်။ ယင်းဇာတ်ကားကြီး ၂၅ ကားကတော့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားတော်တော်များများ ပါလာတာကိုလည်း တွေ့ရပါတယ်။ ယင်း ၂၅ ကားထဲမှာမှ အကယ်ဒမီ ဆုပေးပွဲတွက် ပေးအပ်မယ့် ဆုများကို ရွေးချယ်ပြီးတော့ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဆန်ခါတင်ပြန်လည်ရွေးချယ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ၂၅ ကားကတော့ ဒုဠဝတီကိုလွန်၍၊ င့ါကိုနမ်းတဲ့မုန်တိုင်း၊ ငယ်ကျွန်၊ ဥပါဒါန်၊ မုန်းစွဲ၊ ရွှေကြာ၊ သမ္မတကြီးထံပေးစာ၊ ပြည်ထောင်စုသစ္စာ၊ ဇာတိမြေ၊ မှော်ဝင်သမန်းကျား၊ လရောင်ဖြာတဲ့အင်းလေးမှာ၊ ဥပါယ်တံမျဉ်၊ မုဒြာရဲ့ ခေါ်သံ၊ ကြတ်ဂူ၊ နောင်တွင်ဥဒါန်း တွင်စေသတည်း၊ ငဒူ၊ မျက်နှာပြင်များ၊ မီ၊ တိမ်တိုက်တံတား၊ ရန်သူ၊ သတို့သမီး၊ ကိုယ်စောင့်နတ်၊ မိုးပန်းပွင့်တို့ရဲ့သင်္ကေတ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဝိညာဉ်စိမ်း စတဲ့ရုပ်ရှင်ကားကြီးတွေပဲ ဖြစ်ပါတယ်။

၂၀၁၈ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ထူးချွန်ဆု (၁၁) ဆုကနေ (၁၃) ဆုအထိ တိုးမြှင့်ပြီးပေးအပ်သွားမှာ ဖြစ်ကြောင့် ရုပ်ရှင်အစည်းအရုံးကလည်း ပြေကြားထားပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးရော် အကယ်ဒမီ ဆန်ခါတင်အတွက် ကျန်ရှိတဲ့ ရုပ်ရှင်ကားကြီး ၂၅ ကားမှာတော့ ဘယ်ဇာတ်ကားတွေကို သဘောကျပြီး ဘယ်သူတွေကို အကယ်ဒမီရစေချင်လည်းဆိုတာကို ပြောခဲ့ကြဦးနော်။