Home အနုပညာ G Fatt က စိတ်ရှည်လက်ရှည်နဲ့ ချော့လို့အကြာကြီးစိတ်ကောက်လို့မရဘူးဆိုတဲ့ နန်းဆုရတီစိုး

G Fatt က စိတ်ရှည်လက်ရှည်နဲ့ ချော့လို့အကြာကြီးစိတ်ကောက်လို့မရဘူးဆိုတဲ့ နန်းဆုရတီစိုး

85
0

ပရိသတ်တွေဆီက အားပေးမှုကို သရုပ်ဆောင်ပိုင်းကနေရော အဆိုပိုင်းကနေရော ရရှိအောင်လုပ်ထားနိုင်တဲ့အပြင် ချစ်စဖွယ်အမူအရာမျက်နှာနဲ့ ပရိသတ်တွေကို ဖမ်းစားလာနိုင်တဲ့ နန်းဆုရတီစိုးက ချစ်သူဂျီဖက်က စိတ်ဆိုးနေတဲ့အချိန်ဆိုရင် စိတ်ရှည်လက်ရှည်နဲ့ ပြန်ပြန်ပြီးတော့ ချော့ပါတယ်လို့ ပြောခဲ့ပါတယ်။ ဂျီဖက်နဲ့ နန်းစုရတီစိုးတို့ဟာ ပြည်သူချစတဲ့ အနုပညာရှင်စုံတွဲတွေဖြစ်သလို ဝေဖန်တာတွေ trollတာတွေကို ခံနေရတဲ့ စုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်။

နန်းစုရတီစိုးဟာ MCရဲ့ အင်တာဗျူးတစ်ခုမှ ဂျီဖက်နဲ့အချစ်ရေးတို့အကြောင်းနဲ့ ပတ်သက်ပြီးတော့”စိတ်ကောက်တာကတော့ မိန်းကလေးတိုင်းလိုလို စိတ်ကောက်ကြတာပဲလေ အဲ့တော့ နန်းဆုလဲ စိတ်ကောက်တတ်ပါတယ် စိတ်ကောက်တတ်တော့လဲ ချော့ပေါ့နော်။ နော် ဟုတ်တယ်မလား ဘာပဲဖြစ်ဖြစ် အချော့လည်းခံချင်သေးတယ် သူကတော့ ချော့ပါတယ် သူက အရမ်းစိတ်ရှည်လက်ရှည် ချော့တတ်တယ် အဲ့တာကြောင့် အကြာကြီးလည်းစိတ်ကောက်လို့မရဘူး။ ကိုယ်က ချော့ရတာတွေလည်း ရှိပါတယ်။”ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ဂျီဖက်ကို သဝန်တိုလားဆိုတဲ့ မေးခွန်းကိုတော့”သဝန်တိုတယ်ဆိုတာ ဟုတ်တယ်လေ။ အခုတော့ အလုပ်တွေ ရှုပ်နေတဲ့အချိန်ဆိုရင် သဝန်တိုချိန်တောင် သိပ်မရပါဘူး အရင်တုန်းက စစကြိုက်ချင်းတုန်းက တော်တော် သဝန်တိုပါတယ်။”လို့ ဖြေဆိုသွားခဲ့ပါတယ်။ နန်းဆုရဲ့ အလုပ်တွေမှာ ဝင်ပြီးတော့ ဆုံးဖြတ်ပေးတာတွေ ရှိလားဆိုတဲ့ မေးခွန်းမှာတော့ “အရာအားလုံးပေါ့နော် သူက ငယ်တယ်ဆိုပေမဲ့လည်း လူကြီးဆန်ပါတယ် ဒါကြောင့်မို့လို့ နန်းဆုရဲ့ အလုပ်တွေတော်တော်များများ ဆုံးဖြတ်ရမဲ့ ကိစ္စတွေ တော်တော်များများမှာ သူသေချာစဉ်းစားဆုံးဖြတ်ပေးတာ အကြံဥာဏ်ပေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲ့တာကျတော့ နှစ်ယောက်စလုံးပါပဲ သူတစ်ယောက်ထဲလားဆိုတော့ မဟုတ်ပါဘူး။

ကိုယ်လည်း ဒီလိုပါပဲ ကိုယ်ကျွမ်းကျင်တဲ့အရာ သူကျွမ်းကျင်တဲ့ဆိုတာ ရှိတယ်လေ။ အဲ့တော့ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းမှာ ကိုယ်လေ့လာထားတာ ကိုယ်ဝါသနာပိုပါတဲ့ အပိုင်းတွေဆိုရင် သူ့ကိုပြောပြပေးတာမျိုးတွေလည်းရှိတယ် ဥပမာ သူ့ရဲ့ဖက်ရှင်တွေ သူ့ရဲ့ Skin careတွေ မျက်နှာထိန်းသိမ်းတဲ့ ကိစ္စတွေသူရဲ့ ရိုက်ကူးရေးကိစ္စတွေ အဲ့တာမျိုးတွေဆိုရင် နန်းဆုပိုပြီးတော့ ဝါသနာပါတယ်လေ။ ဝါသနာပါတော့ ပိုပြီး လေ့လာထားတဲ့အတွက်ကြောင့် ကိုယ်က ပြောပြပေးနိုင်တယ်ပေါ့နော် ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် သူအောင်မြင်မှု သူကောင်းဖို့အတွက် ကိုယ်က ပံ့ပိုးတယ်။

ကိုယ့်အောင်မြင်မှု ကိုယ်ကောင်းဖို့အတွက် သူက ပံ့ပိုးတယ်။ တစ်ယောက်နဲ့တစ်ယောက်အဲ့လိုမျိုးလေး ကိုယ်စီလုပ်ပေးပြီးတော့ ကြည့်နေရတာပေါ့ အဲ့လိုမျိုးလေး ကြည့်နေရတာကိုက ကိုယ့်အတွက် ပီတိပေါ့ သူကလည်း အဲ့လိုမျိုးပဲ ကိုယ့်ရဲ့ အောင်မြင်မှုကိုကြည့်ပြီးတော့ ပီတိဖြာပြီးတော့ မျက်ရည်တောင် ဝဲတတ်တဲ့ လူစားမျိုးပါ။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး နန်းဆုရတီစိုးက “ပရိသတ်တွေ နန်းဆုတို့ကို ချစ်တဲ့အတွက်အရမ်းပဲကျေးဇူးတင်ပါတယ် ဝမ်းလည်းဝမ်းသာပါတယ်။ ပြီးတော့ နန်းဆုရဲ့ မေမေဆူမှာဆိုးလို့ Music Videoလေးကိုပေါ့နော် အခုလိုမျိုး အားပေးကြတဲ့အတွက် အရမ်းဝမ်းသာမိပါတယ် ကျေးဇူးလည်း တင်ပါတယ် ဆက်ပြီးတော့လည်း အားပေးပါ။ နန်းဆုနောက်ပိုင်းသီချင်းလေးတွေလည်း ခပ်စိပ်စိပ်ထွက်ဖို့ရှိပါတယ် အားလုံးပဲ ကျန်းမာပါစေချမ်းသာပါစေ။”လို့ ပရိသတ်တွေကို နှုတ်ဆက်စကားပြောဆိုသွားခဲ့ပါတယ်။