Home အနုပညာ သူမနာမည်နဲ့ ဘုရားမှာ အလှူပြုပေးခဲ့တဲ့ အမည်မသိသူတစ်ဦးကြောင့် ပီတီဖြစ်နေတဲ့ ပိုင်ဇေရဲထွန်းဇနီး

သူမနာမည်နဲ့ ဘုရားမှာ အလှူပြုပေးခဲ့တဲ့ အမည်မသိသူတစ်ဦးကြောင့် ပီတီဖြစ်နေတဲ့ ပိုင်ဇေရဲထွန်းဇနီး

618
0

ပရိသတ်တွေကြားမှာ ရေပန်းစားအားကျစရာကောင်းတဲ့ အနုပညာရှင်မိသားစုတွေထဲမှာ ပိုင်ဇေရဲထွန်းတို့ မိသားစုလေးဟာလည်း ထိပ်ဆုံးမှာပါဝင်တဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းတို့ဇနီး မောင်နှံနှစ်ယောက်ဟာဆိုရင် တစ်ယောက်နဲ့ တစ်ယောက်အလွန်ချစ်တတ်ကြပြီး အိမ်ထောင်ရေးကိုလည်း နားလည်မှု့တွေနဲ့ ဖန်တီးတည်ဆောက်ထားကြတာကြောင့် ပရိသတ်တွေက လေးစားအားကျချစ်ခင်နေကြရတာပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ပိုင်ဇေရဲထွန်း ရဲ့ ဇနီး ဇင်သဲနိုင်က သူမရဲ့ နာမည်နဲ့ အလှူပြုပေးခဲ့တဲ့ သူကြောင့် ပီတီဖြစ်နေတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်ဇေရဲထွန်း ရဲ့ ဇနီး ဇင်သဲနိုင် က ချောမောလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမကို ချစ်တဲ့ Fan တွေ ရရှိပိုင်ဆိုင်ထားသူပါ။ မင်းသမီးလေးလို အမြဲလှပနေတဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကို ဖော်ပြလေ့ရှိတဲ့ ဇင်သဲနိုင်က ဒီတစ်ခါမှာတော့ သူမနာမည်နဲ့ ဘုရားမှအလှူပြုပေးတဲ့ သူတစ်ဦးကြောင့် ဝမ်းသာပီတိဖြစ်နေပြီး ကျေးဇူးတင်နေတာပါ။

ဇင်သဲနိုင် က ” ဘယ်သူလဲဆိုတာသေချာမသိဘူးဘယ်ကမှန်းလည်းမသိဘူးတခါမှလည်းမမြင်ဖူး မတွေ့ဖူးကြဘူးဒါပေမဲ့ ရင်ထဲကလာတဲ့မေတ္တာကို နက်နက်ရှိုင်းရှိုင်းခံစားကျေးဇူးတင်ရတယ်💞” ဆိုပြီးပြောထားပါတယ်။

သူမအတွက် အလှူပြုပေးခဲ့တဲ့ သူက ဘယ်သူမှန်းသေချာမသိပေမယ့် ဇင်သဲနိုင်ကတော့ အရမ်းကို ကျေးဇူးတင်နေတာပါ။

ပိုင်ဇေရဲထွန်း ရဲ့ ဇနီး ဇင်သဲနိုင် အတွက် အမည်မသိသူ တစ်ဦး အလှူပြုပေးခဲ့တဲ့ အကြောင်းကို ပရိသတ်တွေသိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။