Home အနုပညာ နောက်နှစ်ထဲမှာ မင်္ဂလာသတင်း ကြားရတော့မယ် ဆိုတဲ့ ကောင်းထက်ဇော်

နောက်နှစ်ထဲမှာ မင်္ဂလာသတင်း ကြားရတော့မယ် ဆိုတဲ့ ကောင်းထက်ဇော်

689
0

နိုင်ငံကျော် အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ကောင်းထက်ဇော် က Forever Group မှ စီစဉ်ထုတ်လွှင့်တဲ့ MRTV- 4, Channel 7 အစရှိတဲ့ free to air ရုပ်သံလိုင်းတွေမှာ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင် ဆောင်ရွက် နေသူဖြစ်ပါ တယ်။ သူက အစီအစဉ်ကြေညာသူဖြစ်နေပေမယ့် လဲ ယခုနောက်ပိုင်းမှာဆိုရင်ကြော်ငြာတွေမှာပါ ပါဝင်သရုပ်ဆောင် လာခဲ့ပြီဘဲ ဖြစ်ပါတယ်။ သူက အသက်၃၃ နှစ်အရွယ် လူပျိုကြီးတစ်ဦးဖြစ်ပြီး နောက်နှစ်ထဲမှာတော့ မင်္ဂလာသတင်း ကြားရတော့မယ် လို့ဆိုပါတယ်။

ကောင်းကြီးက ဇွန်လနောက်ဆုံးအပတ်လောက်က မိသားစုတွေနဲ့အတူ သာသနာ့ဘောင်ဝင်ခဲ့ပြီး အဲ့ဒီလိုသာသနာ့ ဘောင်ဝင်တဲ့အထဲမှာ သူ့ရဲ့ချစ်သူကောင်မလေးကဘာ သီလရှင်ဝတ်ခဲ့တာလို့လဲပြောခဲ့ပါတယ်။ ကောင်မလေးက ဖားအံကဖြစ်ပြီး သူ့အနေနဲ့ သူတို့သေချာညှိနှိုင်းပြီးတဲ့ အခါမှာတော့ ပရိသတ်တွေကိုရော မီဒီယာတွေကိုပါ အတိအလင်းကြေညာပေးသွားမယ်လို့ ဆိုပါတယ်။


ကောင်းထက်ဇော်ဟာ လူကြိုက်များတဲ့ စားမယ်ဝါးမယ် အစီအစဉ်၊ (၅)တန်းနဲ့ပြိုင်ဘယ်သူနိုင် အစီအစဉ်၊ မိသားစုပြိုင်ပွဲ အစီအစဉ်၊ MasterChef Myanmar အစီအစဉ်နဲ့ တို့မှာ အစီအစဉ်ကြေညာသူအဖြစ်ဆောင်ရွက်ရင်း ပရိသတ်အခိုင်အမာ ရရှိခဲ့ တာလဲဖြစ်ပါတယ်။ ကောင်းကြီးအတွက် ဂုဏ်ပြုစကားပြောပေးခဲ့ကြပါဦးနော်။ Source – မိုမိုလေး