Home အနုပညာ အသည်းယားဖို့​ကောင်း​လောက်​​အောင်​ နီးနီးကပ်​ကပ်​ ရိုက်​ကူး​ရေးလုပ်​​နေတဲ့ ပိုင်​တံခွန်​နဲ့ သင်​ဇာဝင့်​​ကျော်

အသည်းယားဖို့​ကောင်း​လောက်​​အောင်​ နီးနီးကပ်​ကပ်​ ရိုက်​ကူး​ရေးလုပ်​​နေတဲ့ ပိုင်​တံခွန်​နဲ့ သင်​ဇာဝင့်​​ကျော်

602
0

ယောက်ျားပီသတဲ့ မျက်နှာကျနဲ့ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ ​မော်​ဒယ်​မင်းသား​ချော​လေး ပိုင်တံခွန်ကတော့ ​နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်​အား​ပေးခြင်းကို ခံထားရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်​က ပုရိသတို့ရဲ့နှလုံးသားလေး သင်ဇာဝင့်ကျော်နဲ့အတူ ရိုက်ကူး​ရေးတစ်​ခု အတူလုပ်​​နေတဲ့ အလန်းစားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ ​တွေ့ရပါတယ်​။ ပိုင်တံခွန်နဲ့ မတ်မတ်သင်ဇာ နှစ်ယောက်လုံးကလည်း ပရိသတ်အသည်းကျော်တွေမို့ အရမ်းကိုကြည့်ကောင်းနေတာပါနော်။
ချစ်ပရိသတ်တွေအတွက် အရမ်းကိုကြည့်လို့မိုက်တဲ့ မင်းသားချောလေး ပိုင်တံခွန်နဲ့ အလန်းစားမိန်းမပျိုလေး သင်ဇာဝင့်ကျော်တို့ရဲ့အမိုက်စားပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာနဲ့ ပိုင်တံခွန်တို့နှစ်ဦးကတော့ တလောကလည်း Canal + ရဲ့ ဇာတ်​လမ်​​တွေ အတူရိုက်​ကူးရင်း တစ်​ဦးနဲ့တစ်​ဦး ခင်​မင်​ရင်းနှီးသွားကြတာပါ။

ပရိသတ်​​တွေ အသည်းယားသွား​စေ​လောက်​တဲ့ ပိုင်​တံခွန်​နဲ့ မတ်​မတ်​သင်​ဇာတို့ရဲ့ ဗီဒီိယို


ပိုင်တံခွန်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်အချစ်ေ​​တာ် မတ်မတ်သင်ဇာကလည်း လက်ရှိမှာ Single တစ်ဦးအနေနဲ့ ပရိသတ်တွေကိုပဲ အပြည့်အဝအာရုံစိုက်ဖြစ်နေတာပါ။ သင်ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်တို့နှစ်ဦးကတော့ တလောကလဲ “သူ ဘယ်သူလဲ” ဇာတ်ကားကို အတူတွဲပြီး ရိုက်ကူးထားပါသေးတယ်။ မိုမိုလေး