Home အနုပညာ သမီးလေး Treasure ကို အောင်မြင်စွာမွေးဖွားလိုက်ပြီဖြစ်တဲ့ မေမေစန္ဒီမြင့်လွင်

သမီးလေး Treasure ကို အောင်မြင်စွာမွေးဖွားလိုက်ပြီဖြစ်တဲ့ မေမေစန္ဒီမြင့်လွင်

244
0

နိုင်ငံကျော် အဆိုတော်မလေး စန္ဒီမြင့်လွင်ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက လူငယ်အဆိုတော်များစွာထဲမှာ အောင်မြင်မှုများစွာ ရရှိထားသူလေး ဆိုလည်း မမှားပါဘူး ။သူမရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေ ရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စန္ဒီမြင့်လွင် နဲ့ သူမ ခင်ပွန်းတို့ မျှော်လင့်စောင့်မျှော်နေတဲ့ ရင်သွေးလေး က လူ့လောကထဲ ရောက်လာခဲ့ပါပြီ ။ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင် နဲ့ လွန်ခဲ့တဲ့ နာရီအနည်းငယ်ကမှ လူ့လောကထဲ ရောက်လာတဲ့ သမီးလေး ရဲ့ ပုံလေးကို ဖော်ပြပေး လိုက်ပါတယ်။

စန္ဒီမြင့်လွင် က ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သူမက မကြာသေးခင်ကမှ လူ့လောက ထဲ ရောက်လာမယ့် သမီးလေးအတွက် ချစ်စရာကောင်းတဲ့ အခန်းလေးကို ပြင်ဆင်ထားတယ်လို့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါသေးတယ်။

ဒီနေ့ 12:45:28 Sunday မှာ တော့ သမီးလေး Treasure ဟာ လူ့လောကထဲရောက်လာခဲ့ပါပြီ ။ သမီးလေးက ချစ်စရာကောင်းပြီး 6lb 7အောင်စ ရှိတယ်လို့ သိရပါတယ်။

စန္ဒီမြင့်လွင် ရဲ့ ခင်ပွန်းဖြစ်သူ ကလည်း သမီးလေးရဲ့ ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။

စန္ဒီမြင့်လွင် နဲ့ လွန်ခဲ့တဲ့ နာရီအနည်းငယ်ကမှ လူ့လောကထဲ ရောက်လာတဲ့ သမီးလေး ရဲ့ ပုံလေးကို ပရိသတ်တွေတွေ့မြင်ရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-မိုမိုလေး