Home အနုပညာ မုဒိမ်းမှုတွေ ပပျောက် ဖို့ တစ်ခွန်းတည်း ပြောလိုက်တဲ့ လွင်မိုး

မုဒိမ်းမှုတွေ ပပျောက် ဖို့ တစ်ခွန်းတည်း ပြောလိုက်တဲ့ လွင်မိုး

867
0

အကယ်ဒမီ ဆုပေးပွဲကြီးပြီးကတည်းက “တစ်ခွန်းတည်းပြောမယ်” ဆိုတဲ့ စကားလုံးနဲ့ လွင်မိုးနဲ့ကတစ်သားတည်းဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိစ္စတခုခုကိုပြောချင်ပြီဆိုရင် တစ်ခွန်းတည်းပြောလိုက်မယ် ဆိုတဲ့ စကားက လူမှုကွန်ယက်စာမျက်နှာတွေမှာ ဘန်းစကားလိုဖြစ်သွားခဲ့ပါသေးတယ်။ ဒီစကားကို လွင်မိုးက ယခုရက်ပိုင်းမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တစ်ခွန်းတည်းပြောမယ် ဆိုတဲ့ စကားနဲ့ တစ်ခွန်းတည်းထိထိမိမိပြောလာပါတယ်။

သူပြောလာတဲ့ အကြောင်းအရာကတော့ ပြည်သူလူထုတွေကြားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေဘဲ ဖြစ်ပါတယ်။ လတ်တလောမှာ ဆိုရင် လူမှုကွန်ယက်မှာ တင်မက ပြည်သူတွေအချင်းချင်းကြားမှာ အပြောများနေတဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဘဲ ဖြစ်တယ်။ မုဒိမ်းမှုကျူးလွန်သူတွေဟာ လူမမယ်ကလေးလေးတွေအထိ မျက်စိကျလာကြပါတယ်။ မိန်းမငယ်လေးတွေ အပျို၊အအိုမရွေး ကျူးလွန်သူခံရသူတွေရှိခဲ့ပြီး ယခုလပိုင်းတွေမှာတော့ အသက် ၃နှစ်ဝန်းကျင် ကလေးလေးတွေ ကို ကျူးလွန်ခံနေရပါတယ်။


ဒီလိုဖြစ်ပျက်တွေ ပပျောက်ဖို့ဆိုတာ တရားဥပဒေစိုးမိုးရေးက များစွာလိုအပ်သလို ၊ မိဘတွေဆီမှာလဲ တာဝန်အပြည့်အ၀ရှိလာပါတယ်။ ဒါ့အပြင် ကလေးအချင်းချင်း ကျူးလွန်တယ်ဆိုတဲ့ အမှုတွေပါ ဖြစ်ပေါ်လာတာကြောင့် တကယ့်ကို ဆင်ချင်ရမယ့် အချက်တစ်ခုကို သမီးနှစ်ယောက် ဖေဖေ ဦးလွင်မိုးက ပြောပြလာပါပြီ။ သူပြောခဲ့တာက “ “တခွန်းတည်းပြောမယ်” ညစ်ညမ်းရုပ်ပုံဇာတ်လမ်းတွေ အလွယ်တကူကြည့်ရှုခွင့် အမြန်ဆုံးပိတ်ပင်ပေးပါ” ဆိုတာဘဲ ဖြစ်ပါတယ်။


ဒီအချက်ကလဲ တကယ့်ကိုထိရောက်တဲ့ မချက်တစ်ခုပါ။ ဒီလို ညစ်ညမ်းရုပ်ပုံတွေ၊ဇာတ်လမ်းတွေဟာ ဖုန်းတွေကနေ အလွယ်တကူ ကြည့်ရှု့နိုင်တာကြောင့် ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်ဘဲ လူမဆန်တဲ့ လုပ်ရက်တွေကို လုပ်ဆောင်လာကြတယ် လို့လဲ ယူဆလို့ရပါတယ်။ ဒါကြောင့် ဦးလွင်မိုးနဲ့ သဘောထားခြင်း တိုက်ဆိုင်သူတွေရှိရင် ဒီသတင်းလေးကိုမျှဝေပေးသွားပါဦးနော်။

မိုမိုလေး