Home အနုပညာ မြင့်မြတ်အယောင်ဆောင်ပြီး ငွေလိမ်တဲ့လူလိမ်နဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ စိစိ

မြင့်မြတ်အယောင်ဆောင်ပြီး ငွေလိမ်တဲ့လူလိမ်နဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ စိစိ

292
0

နိုင်ငံကျော် ဟာသသရုပ်ဆောင်နဲ့ လူရွှင်တော် စိစိကို ပရိသတ်ကြီးအားလုံး သိပြီးသားဖြစ်မှာပါ။ ဒီကနေ့မှာတော့ စိစိက မင်းသားမြင့်မြတ်အယောင်ဆောင်ထားတဲ့ လူလိမ်တစ်ဦးနဲ့ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းကို သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပရိသတ်တွေ သတိထား ဆင်ခြင်မိစေဖို့ အခုလိုပဲ ပြောပြလာပါတယ်။

“ပြည်မြို့က ရတနာမဉ္ဇူရီ မိဘမဲ့ပရဟိတကျောင်းကို မင်းသားမြင့်မြတ်အသံနဲ့ ဆန်အိတ် (163 )အိတ် လှူမယ် ဆိုပြီး ဆရာလေးကို ဖုန်းဆက်ပါသည်တဲ့။ နေ့လည်ကျတော့ ဆန်အိတ်တင်တဲ့ ကားက ဟမ်းရောက်နေတယ်ဆိုပြီး နယ်ကျွံသွားလို့ ဆရာလေးကို ငွေ(2 )သိန်းလွဲခိုင်းတယ်။ ဆရာလေးက စဉ်းစားတွေးမိပြီး ပြည်သား ဟာသ သရုပ်ဆောင် စိစိ ( ပြည် ) ဆီသို့ ဖုန်းဆက်ပါတယ်။ ကျွန်တော်ဘယ်မှာလဲလို့ ဆရာလေးကမေးတော့ ကျွန်တော်ကပြင်ဦးလွင်မှာလို့ ပြောလိုက်တော့ ဆရာလေးက ” မြင့်မြတ်ကဆန်လူမယ်ဆိုတာ ဟုတ်လားလို့ မေးပေးပါ” ဆိုတော့ ကျွန်တော်က ညီလေးမြင့်မြတ်ဖုန်းပါတ်ပြောဆိုတော့ 09 ??????? ဖုန်းနဲ့ ဆက်တာတဲ့။ ဒီဖုန်းသည် မင်းသားမြင့်မြတ် ဖုန်းနံပါတ် မဟုတ်ပါ။
ကျွန်တော်လည်း ဒီဖုန်းနံပါတ်ကို ဆက်ကြည်တော့ လာပြီးကိုင်ပါတယ်။ “ညီလေး မြင့်မြတ်က ဆန် ပြည်ပရဟိတကျောင်းကို လှူမယ်လို့ ပြောတာဟုတ်လားဆိုတော့  တိုက်ခန်းထဲက အသံဖြင့် ‘ဟုတ်တယ်ဗျာ ကျွန်တော် ကိုမြင့်မြတ်ကို မေးပေးပါမယ်’လို့ အခန်းပြင်ထွက်သွားပြီး ပြန်လာသလိုနဲ့ ‘မင်းသားက နောက်တစ်နာရီမှ ဖုန်းဆက်ပါ ကျွန်တော် သူမန်နေဂျာ စတီးလ်’ ဆို ပြီးဖုန်းကျသွားပါတယ်။

“ကျွန်တော်ထပ်ပြီး မြင့်မြတ်မန်နေဂျာအစစ်ဆီ ဖုန်းဆက်တော့ မဟုတ်ကြောင်း ဒီကိစ္စကို မနက်ထဲက ဘုန်းကြီးကျောင်း နှစ်ကျောင်းအား လုပ်စားသွားကြောင်းသိရသဖြင့် ပြည်မြို့မှ ဆရာလေးအား မလွဲပေးရန်နဲ လိမ်လည်လုပ်စားနေကြောင်းသိသဖြင့် ပြည်မြို့ မှာ ပြည်သစ္စာ အကူညီဖြင့် အသိပေးရန်အကူညီတောင်းခံ ယခဲ့ပါကြောင်း ဆရာလေးကိုဆက်သွယ်ခဲ့သော ဖုန်းများအားလုံးမှာ ပြန်လည်ခေါ်ကြည့်ရာ စက်ပိတ်ထားပါသည်။”

“လိမ်လည် လုပ်စားသူသည် ဆရာတော်ကြီးနာမည်အမျိုးမျိုးနဲ့ အနုပညာ နာမည်များကို အလွဲသုံးစားလုပ်ပြီး လုပ်စားနေပါသဖြင့် သတိရှိပြီး တွေးခေါ်နိုင်ကြစေရန် အသိပေးတင်ပြအပ်ပါသည်။ ဟာသ သရုပ်ဆောင် စိစိ ( ပြည်)” ဆိုပြီး ပြောပြထားပါတယ်။

မြင့်မြတ်ရဲ့ အသံအတိုင်း အတုလုပ်ပြီး ဘုန်းတော်ကြီးကျောင်းတွေကို လိမ်လည်နေတာ ကြောက်စရာပဲနော်။ မိုမိုလေး