Home အနုပညာ မြင့်မြတ်ရဲ့အမိုက်စားအကကို အတုယူပြီး အပီဒွန့်ပြလိုက်တဲ့ အိစိကွေး ရဲ့ ဗီဒီယိုဖိုင်

မြင့်မြတ်ရဲ့အမိုက်စားအကကို အတုယူပြီး အပီဒွန့်ပြလိုက်တဲ့ အိစိကွေး ရဲ့ ဗီဒီယိုဖိုင်

833
0

ကလေးသရုပ်ဆောင် အိစိကွေးဆိုတာနဲ့ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါနော် ။ ကလေးသရုပ်ဆောင်ဘဝကနေ အခုဆို ဂီတလမ်းကြောင်းပေါ်မှာရော အနုပညာလမ်း ကြောင်းပေါ်မှာရော အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ ။

ကလေးသရုပ်ဆောင်ဘဝ နဲ့ ပရိသတ်အချစ်တွေကို သိမ်းကြုံးယူခဲ့တဲ့ အိစိလေးတစ်ယောက် ကတော့ အခုဆို လူကြီးတစ်ယောက်ဖြစ်နေပြီဆိုတာ ပရိသတ်ကြီးအမြင်ပါပဲ ။

မကြာသေးမီကမှ ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များခဲ့တဲ့ ကေညီနဲ့ မြင့်မြတ်တို့ရဲ့ အမိုက်စားအကကို ပရိသတ်တွေမှတ်မိဦးမယ်ထင်ပါတယ် ။ ဒီနေ့မှာတော့ အိစိက သူ့ရဲ့ Idol ဖြစ်တဲ့မြင့်မြတ်ရဲ့ အမိုက်စားအကလေးကို ကပြီး လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့်ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။ ကိုကြီးမြင့်မြတ်ကသလို လိုက်ကကြည့်တာ လို့လည်းပြောထားပါသေးတယ် ။ အိစိလေးရဲ့ဖန်တွေကတော့ အရမ်းကိုချစ်ဖို့ကောင်းတာပဲလို့မှတ်ချက်ပေးနေကြပါတယ် ။

Video ကြည့်ရန်