Home အနုပညာ ပုံပေါင်း ၁၀၀၀ နဲ့ ပေါင်းပြီး ဖန်တီးထားတဲ့ ဓာတ်ပုံကို မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့တဲ့ အိချောပို

ပုံပေါင်း ၁၀၀၀ နဲ့ ပေါင်းပြီး ဖန်တီးထားတဲ့ ဓာတ်ပုံကို မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့တဲ့ အိချောပို

550
0

ပရိသတ်တွေကို အမိုက်စား ပုံရိပ်ကလေးတွေနဲ့ ဖမ်းစားထားလေ့ရှိတဲ့ နိုင်ငံကျော်သရုပ်ဆောင် အိချောပို ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ စွဲမက်ဖွယ်ကောက်ကြောင်းအလှကလည်း ပုရိသတွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ သရုပ်ဆောင် အိချောပို ရဲ့ မွေးနေ့မှာ လက်ဆောင်ရတဲ့ ပုံရိပ်ကလေးကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

အိချောပို က သရုပ်ဆောင် ပီပြင် ပြီးကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တာကြောင့် သူမကိုချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပါ ။ အိချောပို က သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဆွဲဆောင်မှု ရှိတဲ့ ပုံရိပ်ကလေးတွေကိုဖော်ပြလေ့ရှိသူပါ။ ဒီတစ်ခါမှာတော့ အိချောပို က သူမမွေးနေ့မှာ သူမပုံ ၁၀၀၀လောက်နီးပါးကို ပေါင်းပြီး တစ်ပုံတည်း ဖန်တီးထားတဲ့ ဓာတ်ပုံကို လက်ဆောင်ရခဲ့တာပဲ ဖြစ်ပါတယ်။

အိချောပိုက ” ပုံတွေအများကြီးစုပြီးလုပ်ပေးထားတဲ့ မွေးနေ့လက်ဆောင်လေးပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ဆရာရေ…😊အရမ်းလည်းကြိုက်ပါတယ်ရှင့်…👍” ဆိုပြီးပြောထားပါတယ်။

အနီးကပ်ဆွဲပြထားတယ်နော် 😘

နိုင်ငံကျော် သရုပ်ဆောင် အိချောပို ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-မိုမိုလေး