နိုင်ငံကျော် တေးသံရှင် မီးမီးခဲ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ သီချင်းလေးတွေက ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိပြီး ပရိသတ်တွေကို သူမရဲ့ ထူးခြားတဲ့ အသံလေးနဲ့ ဆွဲဆောင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် ကင်ဆာရောဂါဝေဒနာ အဆင့်၎ ကို ခံစားနေရတဲ့ မီးမီးခဲ က သူမရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
မီးမီးခဲက သူမရဲ့ နှစ်အတော်ကြာမှ ထွက်ရှိလာတဲ့ သီချင်းအသစ်ကလေး ဖြစ်တဲ့ ငါ့ရဲ့ မျက်ဝန်းညို သီချင်းလေးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားတာပဲ ဖြစ်ပါတယ်။
မီးမီးခဲက လက်ရှိမှာ ကင်ဆာ အဆင့်၎ ကို ခံစားနေရတဲ့ အပြင် နောက်ထပ် အသစ်ပေါ်လာတဲ့ ဘက်ဦးခွံ မှကင်ဆာကို ဓာတ်ရောင်ခြည်နဲ့ ကုနေရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြခဲ့ပြီး စိတ်ပူစရာမရှိဘူး လို့ပြောထားပါတယ်။
ဒီတစ်ခါမှာလည်း သူမရဲ့ ဆေးစစ်ချက် အဖြေကို ခုလို ပြော ထားပါသေးတယ်။ “God Is Good to me …😍ဟာလေလုယာ…ဘုရားပေးတဲ့ ကျေးဇူးဂရုဏာတော်ကြောင့် ,,အဖြေရလဒ်ကတော့ စိုးရိမ်စရာမရှိပါဘူး..အသက်အန္တရာယ်ရှိတဲ့ အပိုင်းတွေကို မထိခိုက်ပါဘူး..ဘယ်ဘက်နံရိုး မှာတော့ ကင်ဆာ အစက် လေးတွေ အနည်းငယ်တွေ့ ပေမဲ့ ဓါတ်ကင်စရာတောင်မလိုပါဘူးလို့ ဆရာဝန်တွေပြောပါတယ်..ကျွန်မက ကင်ဆာ အဆင့်၎ ဆိုတော့ ခန္ဒာကိုယ်ထဲမှာရှိနေတဲ့ ကင်ဆာ ထပ်မပြန့် ပွားအောင် ထိန်းချုပ်နေရတာပါ..ဘာပဲဖြစ်ဖြစ် အသက်ရှင်နေသေးတာကို က အံသြဖွယ်ရာ ဘုရားပြုတဲ့အမှုအရာ တခုပါပဲ..ဆုတောင်းမေတ္တာပို့ ပေးကြတဲ့ မိသားစုသဖွယ် ချစ်ကြတဲ့ Fansများအထူးကျေးဇူးတင်ပါတယ်နော်..နောက်၃ လမှ ဆက်ပြီးစစ်ဆေးရမှာ ဖြစ်လို့ ဆက်ပြီးသတိတရနဲ့ ဆက်လက်ဆုတောင်းကူညီပါဦးလို့ …To God Be The Glory ” ဆိုပြီး ပြောထားပါတယ်။
သူမ က ကင်ဆာ အဆင့်၎ ကို ခံစားနေရပေမယ့် ရောဂါ မပြန့်အောင် ထိန်းချုပ်နေရတာဖြစ်ပြီး ခုလို အသက်ရှင်ခွင့်ရနေလို့ အံဩမိကြောင်း နောက်ထပ်၃ လကြာ မှာ စစ်ဆေးမှုထပ်မံပြုလုပ်ရမှာဖြစ်တာကြောင့် သူ့အတွက် ဆုတောင်းပေးကြဖို့ ပြောထားပါတယ်။
အဆိုတော် မီးမီးခဲ ရဲ့ ကျန်းမာရေးအခြေအနေကို ပရိသတ်တွေ သိလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
မိုမိုလေး