ရုတ်တရက်မူးလဲသွားလို့ ဆေးရုံမှာ ဆေးကုသမှုခံနေတဲ့ ဇင်ယော်မောင်မောင်

အနုပညာ

ရုပ်ရှင်ဇာတ်ကားကောင်းကြီးတွေကို အမြဲလိုလို ဖန်တီးရိုက်ကူးနေတဲ့ ဒါရိုက်တာ ဇင်ယော်မောင်မောင်ကတော့ လက်ရှိ ဂရန်းဟံသာဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူနေရပါတယ်။ဒါရိုက်တာ ဇင်ယော်မောင်မောင်ကတော့ ရုတ်တရက် မူးလဲသွားခဲ့တာကြောင့် ဆေးရုံတက်ရောက်နေခဲ့ရတာဖြစ်ပြီး ဘာကြောင့် အခုလိုဖြစ်ရလဲဆိုတာကိုတော့ ဆေးရုံမှာ ဆေးစစ်မှုခံယူနေပါတယ်။

ဒါရိုက်တာ ဇင်ယော်မောင်မောင်က ဆေးရုံတက်ရောက်နေရတဲ့အကြောင်းကို “မူးလဲ၍ ဆေးရုံတက် check up လုပ်နေပါတယ်” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာဇင်ယော်မောင်မောင် အခုလို ဆေးရုံတက်ရောက်နေခဲ့ရတဲ့အတွက် တပည့်သားသမီး လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေက စိတ်မကောင်းဖြစ်ခဲ့ရပြီး ဒါရိုက်တာဇင်ယော်မောင်မောင်တစ်ယောက် အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ကို ဝိုင်းဝန်းဆုတောင်းပေးထားကြပါသေးတယ်။

ဒါရိုက်တာဇင်ယော်မောင်မောင်ရဲ့ ပရိသတ်တွေကလည်း သူတို့ချစ်ခင်အားပေးရတဲ့ ဒါရိုက်တာကြီး အမြန်ဆုံးပြန်လည်နေကောင်းလာစေဖို့ကို ဝိုင်းဝန်းဆုတောင်းပေးနေကြပါသေးတယ်။ပရိသတ်ကြီးတွေလည်း ပရိသတ်တွေအတွက် ဇာတ်ကားကောင်းကြီးတွေကို ဖန်တီးရိုက်ကူးပေးနေတဲ့ ဒါရိုက်တာ ဇင်ယော်မောင်မောင် အမြန်ဆုံးပြန်လည် ကျန်းမာလာအောင် ဆုမွန်ကောင်းလေးတွေတောင်းသွားပေးခဲ့ပါဦး။