Myanmar’s Got Talent Winner ဆုမှ ဆုငွေနဲ့ မွေးရပ်မြေတွင်စတုဒီသာကျွေးမယ့် ဘုန်းမြတ်မင်း

သတင်း

မြန်မာနိုင်ငံရဲ့ လူအများစိတ်ဝင်စားခြင်း ခံထားရတဲ့ Myanma’s Got Talent ပြိုင်ပွဲတွင် မြန်မာ့သိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး ဒိုင်လူကြီးတွေနဲ့ ကြည့်ရှုသူ ပရိတ်သတ်တွေကို ပါးစပ်အဟောင်းသား ဖြစ်သွားအောင် လုပ်ပြနိုင်ခဲ့တဲ့ မန္တလေးမြို့မှ လာရောက်ယှဉ်ပြိုင်သော အသက် ၅ နှစ်သားအရွယ် ဘုန်းမြတ်မင်းကတော့ Myanmar Got Talent မှာ Winner ဆု ကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။

Image may contain: 1 person, text

Image may contain: 6 people, people smiling, people standing
ဘုန်းမြတ်မင်းက Winner ဆုမှ ရရှိတဲ့ ဆုငွေများကို သူ့ရဲ့ မိဘများအတွက် အိမ်ဝယ်ပေးမယ်လို့ ပြောထားသလို အလှူများလည်း လုပ်မှာပါလို့ ပြောခဲ့ပါသေးတယ်။ မွေရပ်မြေဇာတိဖြစ်တဲ့ မန္တလေးရွှေမြို့တော်၊ အောင်မြေသာဇံမြို့နယ်၊အောင်ပြည်သာရပ်ကွက်ကို ပြန်တဲ့လမ်းတစ်လျှောက်မှာလည်း မြန်မာသိုင်းလောကမှာဆရာကြီးများကို ၀င်ရောက်ကန်တော့ခဲ့ပါတယ်။သိုင်းပြောင်းပြန်ဆရာကြီးများကလည်း သားသားလေးရဲ့ ထူးချွန်မှုကို ဂုဏ်ပြုတဲ့အနေဖြင့် သိုင်းဝတ်စုံတွေ၊သိုင်းစာအုပ်တွေ၊ဆုတော်ငွေတွေကို ချီးမြှင့်ခဲ့ကြောင်း သိရှိရပါတယ်။

Image may contain: 3 people, people smiling, outdoor
Image may contain: 1 person, text

လက်ရှိမှာ ဘုန်းမြတ်မင်းက နေအိမ်သို့ပြန်လည်ရောက်ရှိနေတာဖြစ်ပြီး Winner ဆုမှရရှိခဲ့တဲ့ ဆုငွေများဖြင့် စတုဒိသာ ကျွေးမွေးမှာဖြစ်ပါသဖြင့် အောင်မြေသာဇံမြို့နယ် (415/N1) အောင်ပြည်သာရပ်ကွက်သို့ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ (၃) နာရီချိန်တွင် ကြွရောက်သုံးဆောင်ကြပါရန် အနူးအညွန့် ဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ”လို့ လူမှုကွန်ရက် စာမျက်နာမှာဖော်ပြထားတာကို တွေ့ရှိရပါသည်။

Image may contain: 1 person, standing and outdoor
Image may contain: 1 person, standing, food and indoor
Credit-MON