ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်ပွဲ အဆင်မပြေဖြစ်ခဲ့သည့်အတွက် ဖြိုးမြတ်အောင်အား တောင်းပန်ကြောင်း ပွဲစီစဉ်သူများပြော

အနုပညာ

နတ်မောက်မြို့၌ ကျင်းပခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲတွင် သွားရောက်ဖျော်ဖြေစဉ် အဆင်မပြေမှုများရှိခဲ့သည်ဟုဆိုကာ မီဒီယာများတွင် ပြောကြားခဲ့သည့် တေးသံရှင်ဖြိုးမြတ်အောင်အား လိုအပ်ချက်အများအ တွက် တောင်းပန်ကြောင်း ပွဲစဉ်သူများဘက်က ပြန်လည်ပြောကြားလိုက်သည်။

Image may contain: 1 person, standing and outdoor

ပြည်တွင်း မီဒီယာအချို့တွင် တေးသံရှင် ဖြိုးမြတ်အောင်၏ ပြောကြားထားမှုအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်နေပြီး ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် နတ်မောက်ကွန်ရက် ဥက္ကဋ္ဌ ကိုမျိုးခိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့က သူ ၏တောင်းဆိုတာလေးတွေကို ကောင်းကောင်းမဖြည့်ဆည်းပေးနိုင်တာပေါ့ဗျာ။ စက်ပိုင်းဆိုင်ရာနဲ့ ပတ် သက်ပြီး ကျွန်တော်တို့ကလည်း မပြင်ပေးနိုင်ပါဘူး။ မပေးနိုင်တဲ့အတွက် လိုအပ်ချက်လေးတွေရှိသွားတာပါ။ အဲဒီအတွက်လည်း ကျွန်တော်တို့ဘက်က လိုအပ်ချက်လေးတွေရှိခဲ့ရင် ကိုဖြိုးမြတ်အောင်ကို တောင်းပန်ပါတယ်” ဟု နတ်မောက်ကွန်ရက် ဥက္ကဋ္ဌ ကိုမျိုးခိုင်က ပြောသည်။

Image may contain: 1 person, smiling, standing

နက်မောက်မြို့တွင် ကျင်းပသည့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်ပွဲသို့ အခြားလက်ခံထားသည့် ပွဲများကို ဖျက်ကာ အနုပညာ ကြေးမယူဘဲ မေတ္တာဖြင့် သွားရောက်ဖျော်ဖြေခဲ့ခြင်း ဖြစ်ပြီး ခမ်းခမ်းနားနား စီစဉ်လိမ့်မည်ဟူ ယူဆခဲ့သော်လည်း အဆင်မပြေ မှုများရှိသည်ကို တွေ့ရှိခဲ့ရကြောင်း တေးသံရှင် ဖြိုးမြတ်အောင်က မီဒီယာများထံ ဖြေကြားထားခြင်း ဖြစ်သည်။

Image may contain: 1 person, smiling, sitting

“ ကျွန်မတို့ ပွဲစီစဉ်ရတာ ကိုယ်ပိုက်ဆံနဲ့ ကိုယ်စီစဉ်ရတာပါ။ သူပြောတဲ့ အဆင်မပြေဘူးဆိုတာ ဘာကိုပြောတာလဲတော့ မသိပါ ဘူး။ ပြောချင်တာက တကယ်ပဲ ကောင်းစေချင်လို့လား။ ဒါမှမဟုတ် သူအဆင့်နဲ့ ဖျော်ဖြေရတာ မတန်ဘူးလားလို့ ပြောတာလား တော့ သိဖို့လိုတယ်” ဟု နတ်မောက်ကွန်ရက် တွဲဖက်ဘဏ္ဍာရေးမှူး မဝေဝေက ပြောသည်။

Image may contain: 1 person, outdoor

ဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် မွေးဖွားခဲ့ခြင်းဖြစ် သည်။

အကုန်သိ