ဆံပင်စတိုင်အသစ်လေးနဲ့ ဆွဲဆောင်မှုရှိရှိ လှနေတဲ့ အဆိုတော် Bobby Soxer

အနုပညာ

ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားကြတဲ့ ဆယ်လီစုံတွဲလေးကတော့ အားလုံးရဲ့ အချစ်တော်စုံတွဲလေးဖြစ်တဲ့ အဆိုတော်လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲလေးပဲ ဖြစ်ပါတယ်..။ သူတို့နှစ်ဦးက ချစ်စရာကောင်းပြီး လိုက်ဖက်ညီလွန်းလို့ ပရိသတ်တွေရဲ့ သဘောကျချစ်ခင်မှုတွေကို ရရှိထားသလို အမိုက်စားသီချင်းစာသားတွေနဲ့လည်း ပရိသတ်တွေရဲ့ရင်ထဲနေရာယူထားကြသူလေးတွေပါပဲ..။


လက်ရှိမှာလည်း Bobby Soxerတို့နှစ်ယောက်က အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပွဲအခမ်းအနားတွေလည်းအတူတူတက်ရောက်နေကြတာပါနော်။ လွှမ်းပိုင်တို့ရဲ့သီချင်းလေးတွေကလည်း လူငယ်ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားပြီး အမြဲတမ်းနားထောင်နေလည်းမရိုးသွားနိုင်တဲ့သီချင်းကောင်းလေးတွေဖြစ်ပါတယ်။ ပရိသတ်တွေကတော့ လွှမ်းပိုင်နဲ့Bobby Soxerတို့ရဲ့ သီချင်းတွေကိုလည်း တစ်ခဲနက်အားပေးဝန်းရံကြပါတယ်နော်။

အခုလက်ရှိမှာလည်း Bobby Soxer က” ကောက်ကွေးနေတဲ့ ဆံပင်တွေလိုမျိုး လွယ်လွယ်နဲ့စိတ်ကောက်တတ်တဲ့သူ မဟုတ်ပါဘူးနော်”ဆိုတဲ့ စာသားလေးနဲ့ အတူ ခပ်မိုက်မိုက်စတိုင်လေးတွေနဲ့ ဓါတ်ဖမ်းထားတဲ့ ပုံရိပ်တွေကို ဖေ့ဘွတ်စာမျက်နှာကနေ မျှဝေထားတာပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော်လေးဖြစ်တဲ့ အဆိုတော်မလေး Bobby Soxerရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း အသည်းလေးတွေပေးဖို့ မမေ့လိုက်ပါနဲ့အုန်းနော်….။