ပွဲလယ်တင့်စေမယ့်အလှမျိုးနဲ့ တစ်မူထူးခြားစွာကျက်သရေရှိရှိလှနေပြီး အရမ်းချစ်ဖို့ကောင်းနေတဲ့ပိုင်ဖြိုးသုလေး

အနုပညာ

မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ “3Girls” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်လေး ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက်ကူးရင်း အနုပညာလောကထဲကို ရောက်ရှိလာခဲ့တဲ့ ပိုင်ဖြိုးသုက သရုပ်ဆောင်ပိုင်းမှာ တကယ့်ကိုထူးချွန်သူလေး ဖြစ်ပါတယ်။ ပိုင်ဖြိုးသုရဲ့ထိမိပြောင်မြောက်တဲ့အိုက်တင်တွေကြောင့်လည်း ပရိသတ်တွေက အပြတ်အသတ်အားပေးနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပိုင်ဖြိုးသုက ဒါရိုက်တာ ဏကြီးနဲ့ ထိမ်းမြားလက်ထပ်ပြီး သာယာချမ်းမြေ့တဲ့အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကလေးဆန်ဆန်လေးနဲ့ချစ်ဖို့ကောင်းတဲ့ သုသုက အိမ်ထောင်ကျပြီးနောက်ပိုင်းမှ အရင်ကထက်တောင် ပိုတိုးလို့လှလာတာ ဖြစ်ပါတယ်။ အခုလည်း သုသုက ဆန်းသစ်လှပတဲ့မြန်မာဝတ်စုံလေးကို ဝတ်ဆင်ကာ တစ်မူထူးခြားစွာ လှသွေးကြွယ်နေတာပဲ ဖြစ်ပါတယ်။


သူမတူတဲ့အလှတရားတွေနဲ့ ချစ်ဖို့ကောင်းနေတဲ့ သုသုက ” Throw back to “Parami University Initiation Campaign Launching Gala” “ဆိုပြီး သူမရဲ့ပွဲတက်ပုံရိပ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်းတဲ့အပြုံးအလှပိုင်ရှင်လေး သုသုကတော့ ပွဲလယ်တင့်စေမယ့်အလှမျိုးနဲ့ ကျက်သရေရှိနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပိုင်ဖြိုးသုရဲ့အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။