အိမ်ထောင်ကျပြီးကာမှ ထူးခြားလှပတဲ့ဖက်ရှင်တွေကိုဝတ်ဆင်ကာအပျိုရှုံးအောင်လှနေတဲ့ မေမေချစ်သုဝေ

အနုပညာ

အဆိုတော် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို ရရှိထားတဲ့ ချစ်သုဝေကတော့ လက်ရှိမှာ အဆိုတော်လင်းလင်းနဲ့ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပါတယ်။ အနုပညာရှင် အချင်းချင်းလက်တွဲထားပြီး သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ လင်းလင်းနဲ့ ချစ်သုဝေတို့ စုံတွဲဟာလည်း အပါအဝင်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ သူတို့ နှစ်ဦးက ချစ်စရာကောင်းတဲ့အမွှာသမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

Image may contain: 1 person

Image may contain: 1 person

လင်းလင်းနဲ့ ချစ်သုဝေတို့ကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေက သူတို့နှစ်ဦးကိုအားပေးကြတဲ့အပြင် ချစ်စရာကောင်းတဲ့အမွှာသမီးလေး မေမြန်မာခေတ်နဲ့ မေမြန်မာသစ် တို့ကိုလည်း သည်းသည်းလှုပ်အားပေးချစ်ခင်ကြတာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ အပြုအမှုတွေကြောင့်လည်း ခေတ်လေးနဲ့ သစ်လေးတို့က ပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်နေတာလည်းအမှန်ပါ။

Image may contain: 1 person, standing and indoor

Image may contain: 1 person, standing and indoor

ချစ်သုဝေကတော့ အိမ်ထောင်မကျခင်ကတည်းက ချစ်စရာကောင်းလောက်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး အိမ်ထောင်ကျကာ သမီးလေး (၂)ယောက်ကို မွေးဖွားပြီးနောက်ပိုင်းမှာတော့ တစ်သားမွေးတစ်သွေးလှ ဆိုတဲ့ စကားအတိုင်း ပိုလို့တောင်မှ ဆွဲဆောင်မှုရှိပြီး လှလာခဲ့ပါတယ်။ခန္ဓာကိုယ်အချိုးအစားကလည်း အပြစ်ပြောစရာမရှိ ကလေးနှစ်ယောက်အမေလို့ ဆိုဖွယ်ရာမရှိလောက်အောင်ကို လှပနေတာလည်း ပရိသတ်တွေလည်း အမြင်အတိုင်းပါ။

Image may contain: 1 person, standing