မေးရိုးနဲ့ရင်ဘက် ခွဲစိတ်ပြုပြင်မှုမှာ ခံစားခဲ့ရတဲ့ နာကျင်မှုအတွေ့အကြုံ့တွေကို ဝေမျှထားတဲ့ နေခြည်ဦး

အနုပညာ

မြန်မာနိုင်ငံရဲ့ ပထမဆုံး Beauty Blogger တစ်ယောက်အနေနဲ့ အောင်မြင်မှုအခိုင်အမာ၇ရှိထားတဲ့ နေခြည်ဦးကတော့ မေးရိုးနဲ့ရင်ဘက် ခွဲစိတ်ပြုပြင်မှုမှာ ခံစားခဲ့ရတဲ့ နာကျင်မှုအတွေ့အကြုံ့တွေကို ဗီဒီယိုဖိုင်(၃)ဖိုင်ခွဲကာ တင်ဆက်ပေးသွားမှာဖြစ်ပြီး လက်ရှိမှာတော့ အရေးကြီးတဲ့ခွဲစိတ်ပြုပြင်မှု အပြီးနောက်မှာ ခံစားနေရတဲ့ ယောင်ယမ်းမှုတွေနဲ့နာကျင်မှုတွေကို ဝေမျှထားတာလည်းဖြစ်ပါတယ်။

နေခြည်ဦးကတော့ အန္တရာယ်အများဆုံးခွဲစိတ်မှုဖြစ်တဲ့ မေးရိုးနဲ့ရင်သားခွဲစိတ်မှုကိုတစ်ချိန်ထဲပြုလုပ်ခဲ့တာဖြစ်ပြီး ခွဲစိတ်ပြီးပထမဆုံးရက်မှာတင် မေးရိုးခွဲစိတ်မှုဟာ နာကျင်မှုမပြင်းထန်ပေမယ့် ရင်သားခွဲစိတ်မှုကတော့ နာကျင်းမှုပြင်းပြင်းထန်ထန်ခံစားရတယ်လို့ပြောထားပါတယ်။ နေခြည်ဦးကတော့ ဒီခွဲစိတ်မှုတွေကို ကိုရီးယားနိုင်ငံထိသွားရောက်လုပ်ခဲ့တာဖြစ်ကာ အခုတစ်ကြိမ်ခွဲစိတ်ပြုပြင်မှုကတော့ ပထမဆုံးအကြိမ်မဟုတ်ပဲ ပထမတစ်ခေါက်ခွဲစိတ်မှုကတော့ မျက်ရစ်နဲ့နှာခေါင်းခွဲစိတ်ပြုပြင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ခွဲစိတ်ပြုပြင်မှုကို ပရိတ်တွေကို ကြိုတင်အသိမပေးခဲ့ပဲ စပရိုက်အနေနဲ့ ချပြခဲ့ကာ ခွဲစိတ်ပြီးနောက် ဘာတွေကိုရှောင်သင့်တယ်၊လုပ်သင့်တယ်ဆိုတာတွေကို အစားအသောက်ကအစ ပရိသတ်တွေကို ဗဟုသုတအနေနဲ့ ပရိသတ်တွေကို ဝေမျှထားတာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ မိန်ကလေးတွေတော်တော်များများ အလှအပနဲ့ပတ်သက်ရင် စံထားအတုယူရတဲ့ Beauty Blogger မင်းသမီးချောလေး နေခြည်ဦးကတော့ သူ့ရဲ့ ပင်ကိုအလှကို ဘဝင့်မကျတာကြောင့် ခွဲစိတ်ပြုပြင်ခဲ့တာဖြစ်ပြီး ခွဲစိတ်မှုလုပ်ချင်တဲ့ပရိသတ်တွေကို အရေးကြီးတဲ့ခွဲစိတ်ပြုပြင်မှု အပြီးနောက်မှာ ခံစားနေရတဲ့ ယောင်ယမ်းမှုတွေနဲ့နာကျင်မှုတွေကို ဝေမျှထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဝေမျှလိုက်ပါတယ်နော်။