ခင်ပွန်းဖြစ်သူအတွက်ရည်စူးပြီး အလှူလေးပြုလုပ်ပေးခဲ့တဲ့ ဝါဝါဝင်းရွှေ

အနုပညာ

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ ဆုံးပါးသွားခဲ့တာ (၇)လပြည့်သွားပြီဖြစ်တဲ့ ချစ်ခင်ပွန်းအတွက်ရည်စူးပြီး မသန်စွမ်းသက်ကြီးသင်တန်းကျောင်းမှာ အလှူလေးပြုလုပ်ခဲ့ပါတယ်။ဝါဝါဝင်းရွှေရဲ့ ခင်ပွန်းဖြစ်သူကတော့ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့ဘဝတစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွားခဲ့တာဖြစ်ပြီး မနေ့က (၇)လပြည့်မြောက်ခဲ့တာပဲဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူအတွက် (၇)လပြည့်အလှူလေးပြုလုပ်ဖြစ်ခဲ့တဲ့ အကြောင်းကို “ဒယ်ဒီရေ ခွဲခွဲခဲ့တာ(၇) လပြည့်ခဲ့ပါပြီနော်။နေ့စဉ်လစဉ်ကုသိုလ်ကောင်းမှု အလှူအမျိုးမျိုးတတ်နိုင်သလောက်လှူပေးခဲ့ပါတယ်။ဒီနေ့တော့ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း မှာလှူဖြစ်ခဲ့ပါတယ်”ဆိုပြီး ဝါဝါဝင်းရွှေက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ဝါဝါဝင်းရွှေကတော့ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းမှာ သွားရောက်အလှူပြုလုပ်ခဲ့တာကို ဝမ်းသာပီတိဖြစ်နေခဲ့ပြီး

နောက်နောင်များမှာလည်း ဒီလို သင်တန်းကျောင်းမျိုးမှာ ပိုမိုလှူဒါန်းချင်စိတ်ဖြစ်မိကြောင်းကိုလည်း ဖော်ပြထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ဝါဝါဝင်းရွှေက ခင်ပွန်းဖြစ်သူလည်း သူပြုလုပ်ပေးတဲ့ အလှူလေးကို ရောက်ရှိရာဘုံဘဝကနေပြီး ကြည်နူးပီတိဖြစ်ကာ သာဓုခေါ်ဆိုဖို့ကိုလည်း တောင်းဆုပြုထားပါသေးတယ်။