ရင်ခုန်စွဲမက်ချင်စရာကောင်းတဲ့ ဖက်ရှင်လေးတွေကိုဝတ်ဆင်ပြီး One Lady Show ပွဲမှာ အမိုက်စားဖျော်ဖြေခဲ့တဲ့ ပိုပို

အနုပညာ






Unicode

အဆိုတော်မလေး ပိုပိုကတော့ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာနဲ့ လျှောက်လှမ်းနေသူ ဖြစ်ပါတယ်။ အဆိုပိုင်းမှာအရည်အချင်းအပြည့်ရှိသလို ရုပ်ရည်လေးကလည်း ချောမောလှပတဲ့ ပိုပိုက ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိထားတာ ဖြစ်ပါတယ်။ ပိုပိုက ”ချစ်ဖူးခဲ့သမျှ”ဆိုတဲ့ တေးအယ်ဘမ်လေးကစပြီး နောက်ပိုင်းမှာလည်း တစ်ကိုယ်တော်အခွေတွေထွက်ရှိကာ အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။


အခုဆိုရင်လည်း ပိုပိုက ”One Lady Show” ပွဲကြီးပြုလုပ်ပြီး သူမဘဝရဲ့မှတ်တိုင်အသစ်တစ်ခုကို စိုက်ထူလိုက်တာ ဖြစ်ပါတယ်။ ပိုပိုက သူမရဲ့ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးဖြစ်တဲ့ ”Master Piece In Mandalay Po Po One lady show ” ကို မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုပိုက ဒီပွဲကြီးကို သူမချစ်ရတဲ့ဂီတမောင်နှမတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။


အမြဲတမ်းဖက်ရှင်အဆန်းတွေနဲ့ လှနေတတ်တဲ့ ပိုပိုက သူမရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာလည်း သူမတူတဲ့အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ပိုပိုက ” Mood က အသက် သီချင်းဆိုတဲ့ အချိန်တိုင်း လွတ်လပ်နေသူ ” ဆိုပြီး ပွဲကပုံရိပ်လေးတွေကို ချပြထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ”One Lady Show” ပွဲမှာ အပြတ်အသတ်ဖျော်ဖြေခဲ့တဲ့ ပိုပိုရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။