မွေးနေ့လက်ဆောင်ရထားတဲ့ ကျားသစ်ပေါက်လေးသုံးကောင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေတဲ့ နေခြည်ဦး

အနုပညာ

Beauty Blogger လောကမှာသာမကဘဲ အနုပညာဘက်တွင်ပါ ထူးချွန်သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ အချိန်တိုအတွင်း အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ ချီချီဟာ ရုပ်ရှင်ဇာတ်ကားကြီးများတွင် ခေါင်းဆောင်မင်းသမီးနေရာက ရိုက်ကူးနေရ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ချီချီဟာ လတ်တလောမှာလည်း ပွဲအခမ်းအနားတွေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူး ဖြစ်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းလိုလိုကို ချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ် ။ အခုမှာလည်း ချီချီရဲ့ Instagram Stories မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။


ဒါကတော့ မေမေမွေးနေ့လက်ဆောင်ပေးတဲ့ ကျားသစ်ပေါက်လေး သုံးကောင်နဲ့ ပျော်ပျော်ပါးပါး ဆော့ကစားနေတဲ့ ချီချီရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ကျားသစ်ပေါက်လေးတွေဟာလည်း ချီချီကို ရန်လိုခြင်းမရှိဘဲ အသည်းယားစရာကောင်းလောက်အောင် ဆော့ကစားနေကြတာပါ။ ပရိသတ်တွေအတွက် ကျားသစ်ပေါက်လေးသုံးကောင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေတဲ့ ချီချီရဲ့ Video လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။