ရယ်လိုက်ရင် ဟန်ဆောင်မှုကင်းပြီး သဘာဝကျရိုးရှင်းလို့ ချစ်တာပါဆိုတဲ့ သားဂန်း

အနုပညာ

အဆိုတော်သားဂန်းကတော့ ချစ်သူဖြစ်တဲ့ ဘေဘီမောင်ကို ရယ်လိုက်ရင် ဟန်ဆောင်မှုကင်းပြီး သဘာဝကျရိုးရှင်းလို့ ချစ်တဲ့အကြောင်းကို “သူမက ရယ်လိုက်တိုင်း သဘဝကျရိုးရှင်းလို့ချစ်တယ်တစ်သက်လုံး အလိုလေးရီပြီးမောင့်နားနေပေးပါစိတ်ချမ်းသာအောင်ထားဖို့က မောင့်တာဝန်ထား” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ သားဂန်းနဲ့ဘေဘီမောင်ရဲ့ မနဲ့မောင်အချစ်ဇာတ်လမ်းလေးကိုတော့ ပရိသတ်တွေနဲ့သဘောကျ အားပေးနေကြတဲ့သူ ဖြစ်ပါတယ်။

သားဂန်းကတော့ အိပ်မက်ဆုံရာ ရာသက်ပန် Season (1) ကနေတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ Single Song ထွက်ရှိထားကာ အောင်မြင်မှုအခိုင်အမာရရှိထားပြီလည်းဖြစ်ပါတယ်။ သူကတော့ ကျစ်လှစ်ပြီးလှပလွန်းတဲ့ ဘော်ဒီကြောင့် ပုရိသပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းခံနေရတဲ့ ဘေဘီမောင်ရဲ့ အချစ်ကိုပိုင်ဆိုင်ထားပြီး ဘေဘီမောင်ရဲ့ ရယ်လိုက်ရင် ဟန်ဆောင်မှုကင်းပြီး သဘာဝကျရယ်တာလေးကိုချစ်တာပါတဲ့နော်။သားဂန်းကတော့ စိတ်ချမ်းသာအောင်ထားဖို့က သူတာဝန်ထားပြီး ဟန်ဆောင်မှုကင်စွာလေးပဲ ရယ်နေပေးဖို့ ချစ်ရသူ ဘေဘီမောင်ကို တောင်းဆိုထားပါသေးတယ်။

ပရိသတ်ကြီးရေ ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ ဆယ်လီစုံတွဲတွေလို့ပြောလိုက်ရင် မေ့ထားလို့မဖြစ်တဲ့ မနဲကမောင်အတွဲလေးကတော့ အဆိုတော်သားဂန်းနဲ့ မင်းသမီးချောလေး ဘေဘီမောင်တို့ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ သားဂန်းကတော့ ချစ်သူ မမကို စကားလုံးလှလှလေးတွေနဲ့ ထပ်မံအသည်းကိုခြွေယူလိုက်ပါတယ်။