အူဝဲကိုလေးစားအားကျတဲ့စိတ်နဲ့ အနုပညာမှာအောင်မြင်အောင်ကြိုးစားမယ်ဆိုတဲ့ ခင်သဇင်

အနုပညာ

ခင်သဇင်ကိုတော့ စိုင်းစိုင်းရဲ့သီချင်းတစ်ပုဒ်မှာ အမိုက်စားကောင်မလေးအဖြစ်မြင်တွေ့ရပြီးကတည်းက ပရိသတ်တွေကမှတ်မှတ်ထင်ထင်ရှိခဲ့တာပါ။အခုဆိုရင် အနုပညာလောကမှာ အဆိုတော်၊သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုများစွာကို ရရှိနေပါပြီ။

ခင်သဇင်ကတော့ အနုပညာကဝေလို့တင်စားခံရတဲ့ အိန္ဒြာကျော်ဇင်ကို လေးစားအားကျတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။အခုဆိုရင် ချစ်ရတဲ့အနုပညာရှင်နဲ့အတူ “နတ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခွင့်ရခဲ့ပါတယ်။ဒီဇာတ်ကားကြီးရိုက်ကူးပြီးစီးသွားတဲ့အချိန်မှာ ခင်သဇင်ကတော့ အူဝဲနဲ့ပတ်သက်တဲ့ ရင်ထဲကခံစားချက်တွေကို ရေးသားခဲ့ပါတယ်။

ခင်သဇင်ကတော့အူဝဲကို (၁၅)နှစ်ကျော်ချစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။အရမ်းချစ်လို့ အိုက်တင်တွေကောင်းအောင်ကြိုးစားပြီး အူဝဲလိုမျိုးအောင်မြင်ချင်တယ်ဆိုပြီးတော့လည်း “အချစ်လွန်ပြီး မအူဝဲ ဟန်တွေ အိုက်တင်တွေ မလုပ်မိစေဖို့ပဲ ကိုယ့်ကိုကိုယ် အထပ်ထပ် ဆင်ခြင် နေရပါတယ်။ အိုက်တင် သူခိုး တစ်ယောက် မ ဖြစ်ချင်လို့ပါ။အမကို အားကျလို့ အိုက်တင်တွေကိုလည်း မတရားတွေ ကြိုးစားနေပါပြီ….. တနေ့ တော့ သူမလို လေး ဖြစ်ချင်တာ ဆိုတဲ့ ရည်မှန်းချက်လေးနဲ့ပေါ့” ရေးသားထားပါသေးတယ်။ရည်မှန်းချက်တွေအောင်မြင်ပါစေ ခင်သဇင်ရေ….