ကိုယ့်အကောင့်ထဲက အမြဲမကောင်းပြောနေတဲ့သူတွေကို ပေါက်ကွဲလိုက်တဲ့ မိုးယုစံ

အနုပညာ

မိုးယုစံကတော့ ချစ်စဖွယ်အပြုံးချိုချိုလေးနဲ့ စိုပြေဝင်းဝါတဲ့အသားအရည်ကိုပိုင်ဆိုင်ထားပြီး မိန်းကလေးချင်းတောင် အားကျနေရလောက်အောင် လှသွေးကြွယ်သူတစ်ယောက်ပါ။အိမ်ထောင်ပြုပြီးချိန်မှာတောင် တစ်သားမွေးပြီးတစ်သွေးလှနေတဲ့ မေမေမိုးယုစံကတော့ ချစ်ခင်ပွန်းရဲ့လိုလေသေးမရှိဖြည့်ဆည်းပေးမှုတွေကြောင့် ကံကောင်းတဲ့မိန်းကလေးတစ်ယောက်လို့ ဆိုရမှာပါ။ဒါ့အပြင် အနုပညာအလုပ်တွေနဲ့ အလှမ်းကွာနေပေမယ့်လည်း အားပေးသူပရိသတ်အခိုင်အမာရှိနေစဲသူတစ်ယောက်လို့ ဆိုရမှာပါ။

အပြုံးချိုချိုလေးတွေနဲ့ပဲ အမြဲမြင်တွေ့ရလေ့ရှိတဲ့မိုးယုစံကတော့ မနေ့ညက သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ပို့စ်တစ်ခုတင်ပြီးပေါက်ကွဲခဲ့တာကြောင့် ပရိသတ်တွေကတော့ များစွာအံ့အားသင့်ခဲ့ရပါတယ်။ “ကိုယ့်facebookမှာ ကိုယ်ကြိုက်တာတင်မယ်နော်… အမြင်မတူရင် လာလည်းမကြည့်ပါနဲ့…. ဝင်လည်းမရေးပါနဲ့… ကိုယ့်accမှာ ကိုယ်နဲ့စိတ်တူ အမြင်တူ ချစ်ခင်စကားပြောတာပဲလိုချင်ပါတယ်… accပိုင်ရှင်ရဲ့ post‌အောက်မှာ negative လာပြောတာ တစ်ဘက်လူကိုအားနာပါ…. ပြောချင် တခြားသွားပြောကြပါနော်… မကြိုက်တာဆို ဘာမှမပြောတာကြာပြီ…. ခုတော့ပြောလိုက်ပါတယ်နော် အဲ့လိုaccတွေဆို တခါထဲ blockပါတယ်လို့” ဆိုပြီးရေးသားခဲ့တာဖြစ်ပါတယ်။မိုးယုစံကတော့ ဘယ်လိုလူမျိုးတွေကြောင့် ဒီလိုမျိုး ပို့စ်တင်ရလောက်တဲ့အထိ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသလဲ မသိပါဘူးပရိသတ်ကြီးရေ…

လူအချို့ကတော့ အနုပညာရှင်ဆိုတာဝေဖန်ခံရမှာပဲဆိုတဲ့ သတ်မှတ်ချက်နဲ့ အနုပညာရှင်တွေရဲ့ပို့စ်အောက်မှာ သူတို့အမြင်တွေ၊ရိုင်းစိုင်းတဲ့မှတ်ချက်တွေ၊မကောင်းမြင်တာတွေ ဝင်ရေးလေ့ရှိတာကို တွေ့ဖူးကြမှာပါ။

ဒါပေမယ့် သူတို့တွေလည်း အသွေးအသားနဲ့တည်ဆောက်ထားတဲ့လူတွေမို့ မိုးယုစံကတော့ ပေါက်ကွဲခဲ့တာဖြစ်ပါတယ် ပရိသတ်ကြီးရေ…မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း မိသားစုကိုပဲအချိန်ပေးပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးရအောင် တည်ဆောက်နေသူမို့ မကောင်းတဲ့မှတ်ချက်တွေမပေးဖို့ မေမေမိုးယုစံရဲ့သဘောထားလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Credit – Cele gaber