“စိုင်းစိုင်းကိုယ်တိုင်ကတောင် မြန်မာစာဂုဏ်ထူး ပေးချင်လောက်အောင် သဘောကျခဲ့ရတဲ့ (၉)တန်းကျောင်းသားလေးရဲ့ စာစီစာကုံး”

အနုပညာ

ပရိသတ်တွေရဲ့ အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ကတော့ လက်တလောမှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နာထက်နေပြီး (၉)တန်းကျောင်းသားတစ်ယောက်ရဲ့ စာစီစာကုံးလေးကို သဘောကျနှစ်သက်တာကြောင့် မျှဝေဖော်ပြလာခဲ့ပါတယ်။ဒီစာစီစာကုံးလေးကိုတော့ စိုင်းစိုင်းက အင်တာနက်ကနေတွေ့ရှိခဲ့တာဖြစ်ပြီး ဖြေဆိုထားတဲ့ ကလေးရဲ့အတွေးအခေါ်နဲ့ ရေးသားမှုကို သဘောကျနှစ်သက်တာကြောင့် မျှဝေဖော်ပြလာတာပဲဖြစ်ပါတယ်။

စိုင်းစိုင်းလို ကိုယ်တိုင်က စာရေးဆရာတစ်ယောက်အနေနဲ့ စာအုပ်တွေတောင်ထွက်ရှိထားတာဖြစ်ပြီး စာအရေးအသားပိုင်းမှာ ထိုက်သင့်သလောက်ထူးချွန်တဲ့သူကတောင် “ကိုယ်သာဆိုရင်တော့ မြန်မာစာဂုဏ်ထူး တန်းပေးမှာပဲ”ဆိုပြီး တော်တော်လေးကို သဘောကျတာကြောင့် သူသာဆိုရင် ဒီကျောင်းသားလေးကို မြန်မာစာဂုဏ်ထူးပေးဖြစ်မှာဆိုပြီး ချီးကျူးခဲ့တာပါ။

ဒီလိုချီးကျူးစကားအပြင် စိုင်းစိုင်းက ဒီနေ့မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးကို ဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေအားလုံး အောင်မြင်စွာဖြေဆိုနိုင်ကြစေဖို့ကိုလည်း ဆုတောင်းပေးထားပါသေးတယ်။ပရိသတ်ကြီးရေ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေတဲ့(၁၀)တန်းကလေးလေးတွေအတွက်ကို ဦးဦးစိုင်းစိုင်းက မေတ္တာတွေဝေနေပါပြီနော်။