သရဲလေးကောင် သူငယ်ချင်းတွေကို မိန်းမထက်တောင် ပိုချစ်တယ်ဆိုတဲ့ဖိုးဖြူ

အနုပညာ

ပရိသတ်တွေချစ်ကြတဲ့ သရဲလေးကောင် အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ဖိုးဖြူကိုတော့ ပရိသတ်တွေအားလုံး သိကြမယ်ထင်ပါတယ်နော် ။ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ကိုရိုက်ကူးခဲ့ပြီး လက်ရှိမှာတော့ အနုပညာ အလုပ်တွေနဲ့ ခေတ္တဝေးကွာနေပြီး စီးပွားရေးတွေကို ဇောက်ချလုပ်ကိုင်နေတယ်လို့သိရပါတယ် ။ Bပိုး Cပိုးရောဂါသည်များတွက်လည်း ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းလေးဖွင့်လှစ်ပြီးတော့လည်း တစ်နိုင်တစ်ပိုင် ကုသိုလ်ယူနေတာဖြစ်ပါတယ် ။

Image may contain: 7 people

Image may contain: 4 people, people standing

လတ်တလောမှာတော့ သရဲလေးကောင်နဲ့ လွင်မိုး တို့ပူးပေါင်းဖွင့်လှစ်ထားတဲ့ Paradiso ရုပ်ရှင်ရုံအသစ် ဖွင့်ပွဲတွေကို တက်ရောက်နေဲပြီး လက်ရှိမှာအနုပညာအလုပ်တွေ ခြေလှမ်းကျဲနေတယ်ဆိုပေမယ့် လည်း အနုပညာနဲ့စီးပွားမရှာတော့ဘဲ ပရဟိတ ပွဲတွေနဲ့ ရန်ပုံငွေပွဲတွေအတွက်ပဲပါဝင်ဖြစ်တော့တယ်လို့သိရပါတယ် ။ အနုပညာအလုပ်တွေအတူတူ စလုပ်ခဲ့ကြတဲ့ သရဲလေးကောင်သူငယ်ချင်းတွေ ဖြစ်တဲ့ ငှက်ပျော်ကြော် ၊ အရိုင်း ၊ ကင်းကောင် တို့ကို အရမ်းချစ်တဲ့ ဖိုးဖြူက . ဒီသရဲလေးကောင်သူငယ်ချင်းတွေက စတွဲကာစကတော့ သူငယ်ချင်း ၊ နောက်တော့ ညီအစ်ကို ၊ အခုတော့ ရဲဘော်ရဲဘက်တွေ ဖြစ်နေပြီး အတူတူ အနုပညာအလုပ်တွေမလုပ်ဖြစ်ရင်တောင် အမြဲတမ်းတွေ့ဖြစ်ကြတယ်လို့ သူတို့ရဲ့ သံယောဇဉ်တွေကို ပြောပြလာခဲ့ပါတယ် ။ သူတို့အဖွဲ့ ပျော်ခဲ့ကြတဲ့အမှတ်တရတွေကတော့ ပြောလို့တောင်ကုန်နိုင်မယ်မထင်ပါဘူး ပရိသတ်ကြီးရေ ..။

Image may contain: 6 people, people sitting, table and indoor

Image may contain: 3 people, people standing

ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးကင်းကောင်ကလည်း ကျန်တဲ့ကိစ္စတွေဘယ်လောက်အရေးကြီးကြီး ဒီသူငယ်ချင်းတွေနဲ့တွေ့ဖို့ ၊ အလုပ်လုပ်ဖို့ဆိုရင် ကျန်တဲ့ကိစ္စတွေကို ဖြတ်ပြီး အလုပ်လုပ်တဲ့သူတစ်ယောက်ဖြစ်တယ်လို့လည်း ဦးကင်းနဲ့အမှတ်တရတွေကို ပြောပြခဲ့ပါသေးတယ် ။ ဒီသူငယ်ချင်းတွေအားလုံးက ကိုယ့်မိန်းမထက်ကို သူငယ်ချင်းတွေကို ပိုချစ်ပြီး မိန်းမနဲ့က အလုပ်လုပ်ပြီး အိမ်ပြန်မှတွေ့ရတာ သူငယ်ချင်းတွေနဲ့က မနက်မျက်လုံးနှစ်လုံးဖွင့်လို့ ကားရိုက်သွားတာနဲ့တွေ့နေရတာ ရိုက်ခဲ့တဲ့ကားပေါင်းလဲမနည်းဘူး ၊ ထွက်ခဲ့တဲ့ နယ်ပေါင်းလဲမနည်းဘူး ၊ ကခဲ့တဲ့ ပွဲပေါင်းလည်းမနည်းဘူး ဆိုတော့ လနဲ့ချီပြီးအတူနေခဲ့ကြတဲ့ အတွက် သူငယ်ချင်းမက ညီအစ်ကိုမက ရဲဘော်ရဲဘက်တွေတောင် ဖြစ်ခဲ့ကြတယ်လို့သိရပါတယ် ။

Image may contain: 7 people, people sitting and indoor