နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုမှာ ပါဝင်ရိုက်ကူးသွားမယ့် အေးမြဖြူ

အနုပညာ

မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကနေတဆင့် ပရိသတ်ရဲ့အချစ်တွေကို သိမ်းပိုက်လာခဲ့သူအေးမြဖြူကတော့ ပြိုင်ပွဲကြီးပြီးသွားချိန်မှာလည်း နယ်လှည့်ဖျော်ဖြေပွဲတွေဆက်တိုက်ဆိုသလို သွားရောက်ဖျော်ဖြေနေရသူပါ။ငယ်ရွယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တာကြောင့်လည်း အခုတဖန်ပြန်လည်ပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပြန်လည်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။လတ်တလောမှာတော့ သူ့ရဲ့ပထမဆုံးအနုပညာခြေလှမ်းအနေနဲ့ ဒါရိုက်တာဏကြီးရဲ့ ချစ်ခင်စမှော်ရုံဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။

Image may contain: 1 person, standing

Image may contain: 1 person, standing and outdoor

တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးဆုံးချိန်အသက်(၁၆)နှစ်မှာ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဖြစ်ခဲ့တဲ့အေးမြဖြူကတော့ ပြိုင်ပွဲကြီး ပြီးဆုံးခဲ့ချိန်မှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ပထမနှစ်မှာ ပညာသင်ကြားနေပြီး မကြာခင်မှာတော့ စာမေးပွဲဖြေဆိုတော့မှာလည်း ဖြစ်ပါတယ်။စာမေးပွဲဖြေဆိုတော့မှာကြောင့် နယ်ပွဲတွေလျှော့ထားပြီး ချစ်ခင်စမှော်ရုံဇာတ်ကားကြီးအတွက်ပဲ အချိန်ပေးနေသူပါ။ဒါပေမယ့် အနုပညာအလုပ်တွေနဲ့ အဆက်အသွယ်မပြတ်လိုတဲ့ အေးမြဖြူကတော့ သရုပ်ဆောင်ဘက်ပိုင်းမှာလည်း သူ့ရဲ့အနုပညာတွေကို ချပြဖို့ကြိုးစားနေပြီး ကမ်းလှမ်းလာတဲ့ဇာတ်ကားတွေကိုလည်း သေချာစိစစ်ပြီးတော့မှ ရွေးချယ်နေသူလည်း ဖြစ်ပါတယ်။သူ့ရဲ့ဒုတိယမြောက်ခြေလှမ်းအနေနဲ့ ဆရာမြသန်းတင့်ရဲ့နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ မြကေခိုင်မင်ရည်လဲ့ဝတ္ထုကို ဒါရိုက်တာသြရသက ပြန်လည်ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး အလင်းရောင်၊ထူးအောင်၊သက်မွန်မြင့်တို့နဲ့အတူ ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Image may contain: 1 person, standing, tree and outdoor

ဒီတစ်ခေါက်မှာလည်း မိခင်ဖြစ်သူနဲ့ သေချာတိုင်ပင်ပြီး ရွေးချယ်ထားတဲ့ ဒီဇာတ်ကားလေးကို ချပြခဲ့ပြီး “This Movie will be my big chanllenge” ဆိုပြီးရေးသားကာ ပရိသတ်ကိုအသိပေးခဲ့ပါတယ်။ပရိသတ်ကြီးရေ မိုးသိုလေးကတော့ လတ်တလောမှာ ဂီတပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားကို လက်ခံရိုက်ကူးနေပြီဖြစ်ကြောင်း ပရိသတ်ကြီးအတွက် အသိပေးမျှဝေလိုက်ပါတယ်နော်။

Image may contain: 1 person, standing and text