နာမည်ကြီး Brand တစ်ခုအတွက် ကြော်ငြာတစ်ခုရိုက်ကူးခဲ့တဲ့ မြန်မာအိုင်ဒေါလ် ပြိုင်ပွဲဝင်များ

အနုပညာ

မြန်မာအိုင်ဒေါလ် Season -4 ပြိုင်ပွဲဝင်တွေထဲက အက်စတာကတော့ Winner ဆုကြီးကိုထိုက်တန်စွာ ရရှိပြီးတဲ့နောက်မှာတော့ တခြားပြိုင်ပွဲဝင်တွေနဲ့အတူ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေခဲ့ပြီ ဖြစ်ပါတယ် ။ နယ်ရှိုးတော်တော်များများကို လိုက်ဆိုနေရပြီဖြစ်ပြီး ကြော်ငြာ တွေလည်းလက်ခံ ရိုက်ကူးနေပြီဖြစ်ပါတယ် ။ မကြာသေးမီကမှ ထွက်ရှိခဲ့တဲ့ အက်စတာရဲ့ Remax ကြော်ငြာလေးကိုလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ် ။

လတ်တလောမှာ တော့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲ တစ်လျှောက် မိတ်ကပ် စပွန်ဆာပေးခဲ့တဲ့ နာမည်ကြီး ဘရန်းတစ်ခုဖြစ်တဲ့ Maybelline ဘရန်းအတွက် အက်စတာ ဘင်ဂျမင်ဆုန်း နဲ့ အေးမြဖြူတို့က အမိုက်စားကြော်ငြာလေးတစ်ခုကို ရိုက်ကူးပေးခဲ့ပါတယ် ။ ချင်းတိုင်းရင်းသူလေးအက်စတာရဲ့ အလှတွေကို ပိုမိုတောက်ပသွားစေမယ့် Maybelline Fit Me နဲ့ ပြင်ဆင်ခြယ်သနေပုံတွေကို ကြော်ငြာအဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး အက်စတာနဲ့ ဘင်ဂျမင် နဲ့ အေးမြဖြူတို့က ပါဝင်အားဖြည့်ပေးထားတာပဲဖြစ်ပါတယ် ။

ပထမ ကြော်ငြာမှာထဲက ပရိသတ်အကြိုက်တွေ့ခဲ့ကြတဲ့ အက်စတာကတော့ အခုတစ်ခါလည်း Maybelline ကြော်ငြာလေးကိုလည်း ပရိသတ်တွေအကြိုက်တွေ့ကြမယ်ထင်ပါတယ် ။ ပရိသတ်ကြီးအတွက် အက်စတာရဲ့ကြော်ငြာသစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။