လှိုင်သာယာ Quarantine Center မှ စောင့်ကြည့်လူနာတွေကို သွားရောက်ဖျော်ဖြေပေးခဲ့တဲ့ အေးမြဖြူ

အနုပညာ

ပရိသတ်တွေရဲ့ အချစ်တော် အေးမြဖြူကတာ့ လတ်တလောမှာ Covid-19 ရောဂါပိုးရှိမရှိ Quarantine ဝင်ကာ စောင့်ကြည့်မှုခံယူနေတဲ့ စောင့်ကြည့်လူနာတွေကို သွားရောက်သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ အေးမြဖြူကတော့ မနေ့က ဧပြီလ (၇)ရက်နေ့ ညက လှိုင်သာယာ Quarantine Center မှာ Quaratune ဝင်နေတဲ့ သူတွေကို စိတ်ဓာတ်ခွန်အားပေးတဲ့ အနေနဲ့ သွားရောက်ဖျော်ဖြေပေးခဲ့တာပဲဖြစ်ပါတယ်။

 အေးမြဖြူလေးကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်စဉ်က သီဆိုယှဉ်ပြိုင်ခဲ့တဲ့သီချင်းတွေထဲမှာမှ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုကို အများဆုံးရရှိခဲ့တဲ့ “ကောင်းကင်မေမေ” သီချင်းကို အမှတ်တရအနေနဲ့ သီဆိုဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ ဒီသီချင်းလေးအပြင် သင်္ကြန်ကာလအချိန်ဖြစ်တာကြောင့် “သင်္ကြန်မိုး” သီချင်းလေးကိုပါ သီဆိုဖျော်ဖြေခဲ့ပါသေးတယ်။

မိုးသိုလေးကတော့ သီဆိုဖျော်ဖြေပြီးချိန်မှာလည်း Quarantine ဝင်ရောက်နေတဲ့ ချစ်ရတဲ့ ပရိသတ်တွေ ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးနေထိုင်ရာ အိမ်ကို ပြန်နိုင်ကြဖို့လည်း ဆုတောင်းပေးခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ မိုးသိုလေးကတော့ အခုလို သူ့ရဲ့ ချစ်ရတဲ့ ပရိသတ်တွေ Quarantine ဝင်နေချိန်မှာ စိတ်ဓာတ်ခွန်အားတွေတတ်လာစေဖို့ကို မေတ္တာနဲ့ သွားရောက် ဖျော်ဖြေပေးခဲ့တာပါနော်။