မင်းရာဇာ နှင့် ဇနီးအပါအဝင် (၃) ဦး မြဝတီမြို့မရဲစခန်းသို့ ရောက်ရှိစစ်ဆေးခံ

သတင်း

သရုပ်ဆောင်မင်းရာဇာနဲ့ဇနီး၊မင်းရာဇာရဲ့မန်နေဂျာအပါအဝင်(၃)ဦးကို DKBA တပ်ဖွဲ့ကနေ မြဝတီမြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ပြီးဖြစ်တယ်လို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ မှ ဗိုလ်မှုး စောစိုးမြင့် ကပြောပါတယ်။

သရုပ်ဆောင် မင်းရာဇာ တို့ ဇနီးမောင်နှံကို ဧပြီ (၉)ရက် ညပိုင်းက မြဝတီမြို့နယ်အတွင်းက DKBA တပ်ရင်းမှာ ဖမ်းမိခဲ့ပြီး ဧပြီ(၁၀)ရက် မနက်(၁)နာရီခန့်မှာ မြဝတီမြို့မရဲစခန်းကိုရောက်ရှိပြီလို့ မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ကျော်ဦးက လည်းအတည်ပြု ပြောကြားပါတယ်။

အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်ခဲ့တာကြောင့် ရယ်၊မုဒိမ်းမူကျူးလွန်ခဲ့တာတွေကြောင့် သရုပ်ဆောင်မင်းရာဇာအပါအဝင် (၄)ဦးဟာ ပုဒ်မ (၄) ခုနဲ့ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။ ကျူးလွန်ခံခဲ့ရတဲ့ အိမ်အကူ မိန်းကလေးကတော့ မြောက်ဥက္ကလာ မေဓာဝီဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးကုသမှု ခံယူနေပါတယ်။

Image may contain: 3 people, people standing

နေနော်မြဝတီ