လူနာနံပါတ် (၃၃) သည် ရွှေပြည်သာမြို့နယ်ရှိ လူဦးရေ (၂၀) ရှိသော အဆောင်တွင် နေထိုင်သူဖြစ်

သတင်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ (၁၂) ရက်နေ့ မနက် (၂) နာရီထုတ်ပြန်ချက်အရ ထပ်တိုး လူနာ စုစုပေါင်း (၇) ဦးရှိခဲ့ပြီဖြစ်သည်။

Image may contain: tree, house, plant and outdoor

ဓာတ်ခွဲအတည်ပြုလူနာများဖြစ်သော (Case-034) ၊ (Case-035) ၊ (Case-036) နှင့် (Case-037) တို့သည် နိုင်ငံခြားသားများ ပါဝင်သော ဘာသာရေးအခမ်းအနားသို့ အတူတက်ရောက်ခဲ့သည့် ရာဇဝင်ရှိ ကြောင်းသိရှိရပါသည်။

Image may contain: tree, shoes, plant and outdoor

ကျန် တစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ကဖြစ်ပြီး ကျန်နှစ်ဦးမှာ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူနှင့် အင်းစိန်မြို့နယ်တွင် နေထိုင်သူတို့ဖြစ်ကြသည်။ Case နံပါတ် (၃၃) သည်ရွှေပြည်သာမြို့နယ် ၊ အမှတ် (၁) ရပ်ကွက်၊ ရတနာမိုးလမ်းရှိ အဆောင်တစ်ခုတွင် နေထိုင်သော အသက် (၂၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။

Image may contain: one or more people, people standing and outdoor

Case 33 နေထိုင်ခဲ့ရာ ခြံအမှတ် ၄၈၇ တွင် အဆောင် ၂ ဆောင် ရှိပြီး တစ်ဆောင်နှင့်တစ်ဆောင် ပေ ၂၀ ခန့်သာ ကွာဝေးကြောင်းသိရသည်။ Case 33 သည် လူဦးရေ ၂၀ ရှိသော အဆောင်တွင်နေထိုင်သူဖြစ်သည်။ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူမဟုတ်သော်လည်း အမျိုးသားမှာ ကုန်ထမ်းလုပ်သားဖြစ်ပြီး ၁ နှစ်ခွဲအရွယ် သားလေး တစ်ဦးနှင့်အတူ မိသားစု (၃) ဦးနေထိုင်နေကြခြင်းဖြစ်သည်။

လက်ရှိမှာတော့ Case 33 အမျိုးသမီးရဲ့ခင်ပွန်းနှင့် ကလေးတို့ကို အင်းစိန်ဆေးရုံမှ ပြန်လွှတ်လိုက်ပြီး သူတို့နေထိုင်ရာအဆောင်သို့ ပြန်လည်ရောက်ရှိလာတာကြောင့် ခေတ္တကြပ်မတ်ထားကြောင်း သိရှိရသည်။ လက်ရှိနေထိုင်ရာ ရတနာမိုးလမ်းအနီးနှင့် နေထိုင်ရာအဆောင်ကိုလည်း ဆေးဖြန်းခြင်းလုပ်ငန်းများအပါအဝင် ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားလိုက်ပြီဖြစ်သည်။

Image may contain: outdoor

Image may contain: 1 person, standing, tree and outdoor

ပုံ-Thein Zan